သြဂုတ် ၁၃ အခမ်းအနား နေရာအများအပြားတွင် ကျင်းပ

သြဂုတ် ၁၃ အခမ်းအနား နေရာအများအပြားတွင် ကျင်းပ
by -
နိရဥ္စရာ
ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် ကျရောက်သည့် (၄၉) နှစ်မြောက် စစ်တွေဆန်ပြသာနာနေ့ အောက်မေ့ဖွယ် အခမ်းအနားများကို ရခိုင်ပြည်နယ်မှ မြို့အချို့နှင့် ရန်ကုန်၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံတို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် မောင်တောနယ်စပ်ဒေသ၊စစ်တွေ၊ ကျောက်ဖြူ၊ မြောက်ဦး၊ ရန်ကုန်နှင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံတို့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

“အဓိကတော့ အဲဒီအချိန်ကသေဆုံးသွားသူတွေအတွက် ကောင်းမှုကုသိုလ်ပြုအမျှပေးဝေတာပါ။ အတိတ်က ဖြစ်ခဲ့တာတွေကို လက်ရှိအစိုးရက သင်္ခန်းစာယူနိုင်အောင်ရယ်။နောင်လာနောင်သားတွေ သိရှိ လက်ဆင့်ကမ်း ပြုလုပ်နိုင်အောင်ဆိုပြီးတော့ ပြုလုပ်တာပါ။ဒီနေ့ဟာ ရခိုင်လူမျိုးတွေ မမေ့တဲ့ နေ့တစ်နေ့ ဖြစ်သလို မမေ့သင်တဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ် ”ဟု ဦးဆောင်ပြုလုပ်သူ မောင်တောမြို့မှ ကိုစိန်လှဖြူက နိရဥ္စရာ သတင်းဌာနသို့ဆိုသည်။

ထိုအခမ်းအနားကို မောင်တောမြို့၊မြို့မကျောင်းရှိ၊လောကမာရ်ဇိန်ဘုရားကြီးတွင် သံဃာတော်များကို လှူဖွယ် ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ပရိတ်တရားနာယူခြင်း၊အမျှပေးဝေခြင်းများဖြင့် ပြုလုပ် ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ရခိုင်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ စစ်တွေမြို့တွင်ရခိုင်အမျိုးသားပါတီ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တခြား တက်ကြွလှုပ်ရှားသူများမှ နေရာသုံးခုတွင် ပြုလုပ်ကြောင်း သိရသည်။

13 AUGUST

၁၉၆၇ ခုနှစ်က မိုးတွင်းကာလတွင် ရခိုင်ပြည်နယ်တွင်  ဆန်ရှားပါး၍ အငတ်ဘေးကျရောက်သဖြင့်  အစိုးရ ဂိုဒေါင်များတွင် သိုလှောင် ထားသော ဆန်စပါးများကို ရောင်းချပေးရန် ရခိုင်ပြည်သူများက သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်တွေမြို့ လမ်းမများ ပေါ်ထွက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ယင်းအချိန်က တိုင်းပြည်အာဏာကို ရယူထားသော တော်လှန်ရေးကောင်စီ အစိုးရမှ အင်အားသုံး ဖြေရှင်းခဲ့သဖြင့် စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူပေါင်း နှစ်ရာကျော် သေဆုံးခဲ့ရသည်ဟု သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...