Published
Monday, August 15, 2016
ALP ခိုင်မျိုးထွန်းကို တရားရုံးထုတ်၊ လူပေါင်းရာနှင့်ချီ၍ ၀ိုင်းရံအားပေး
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းကို သြဂုတ်လ ၁၂ရက် နံနက်က စစ်တွေမြို့နယ် တရားရုံးသို့ တတိယအကြိမ်မြောက် ရုံးထုတ်ရာ ဒေသခံ ပြည်သူ ရာနှင့်ချီပြီး လာရောက် ၀ိုင်းရံ အားပေးခဲ့ကြသည်ဟု သိရသည်။
“ သူ့ကို အားပေး ထောက်ခံတာကို ပြသဖို့ လာရောက်တာပါ” ဟု တရားရုံးရှေ့သို့ ရောက်ရှိနေသူ အမျိုးသမီး တစ်ဦးက ပြောသည်။

ယနေ့ရုံးထုတ်ရာသို့ စစ်တွေမြို့မှသာမက မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော် မြို့နယ်မှ ဒေသခံ ပြည်သူများလည်း လာရောက်ခဲ့ကြသည်ဟု နိရဥ္စရာ သတင်းထောက်က ပြောသည်။
သြဂုတ် ၁၉ ရက်နေ့ကို ရုံးချိန်းထပ်မံပေးလိုက်သည်ဟု သိရသည်။







