ရခိုင်ပြည်နယ်လွှတ်တော်တွင် ရှစ်လေးလုံးနေ့ ကျဆုံးသွားခဲ့သူများအတွက် ၀မ်းနည်းကြောင်း အဆိုတင်

ရခိုင်ပြည်နယ်လွှတ်တော်တွင် ရှစ်လေးလုံးနေ့ ကျဆုံးသွားခဲ့သူများအတွက် ၀မ်းနည်းကြောင်း အဆိုတင်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် လွှတ်တော်တွင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံတိုက်ပွဲကာလအတွင်း အသက်ပေးလှူသွားခဲ့ကြသော ကျောင်းသာ၊ ပြည်သူ၊ ရဟန်းရှင်လူများ ၀မ်းနည်းကြောင်း အဆိုကို တင်သွင်းခဲ့ကြောင်း သတင်း ရရှိသည်။

Aung Win 1အဆိုတင်သွင်းသူမှာ မြေပုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း ဖြစ်ကြောင်း သိရသည်။

ဦးအောင်ဝင်းက အဆိုတင်ရာတွင် “ ဒီကနေ့ဟာ မြန်မာ့သမိုင်းမှာ မော်ကွန်းတင်ကျန်ရစ်ခဲ့တဲ့ ရှစ်လေးလုံးရဲ့ (၂၈) နှစ် မြောက်နေ့ တစ်နေ့ ဖြစ်ပါတယ်။ ကျောင်းသားပြည်သူ၊ ရဟန်းရှင်လူ များရဲ့ အသက်သွေးများကို စတေးပြီး ခေတ်ပြောင်းတော်လှန်ရေး တစ်ရပ်ကို ဆင်နွဲခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ၂၈ နှစ်ဆိုတဲ့ အချိန်အတိုင်းအတာဟာ အတော်အတန် ကြာမြင့်ပြီဆိုပေမယ့် ကျွန်တော်တို့ အတွက်ကတော့ မနေ့တစ်နေ့ကလိုပါဘဲ။ ကျောင်းသားများရဲ့ ငိုရှိုက်သံတွေ၊ ပြည်သူများရဲ့ နာကြည်း တောက်ခေါက်သံတွေ၊ ရဟန်းရှင်လူ များရဲ့ သွေးသံရဲရဲ တိုက်ပွဲ စိန်ခေါ်မှုတွေဟာ ယခုထက်တိုင် ကြားနေဆဲ၊ မြင်နေဆဲ ဖြစ်တယ်” လို့ ဖော်ပြထားသည်။

၎င်းပြင် ဒီမိုကရေစီ လမ်းကြောင်းထက်မှာ လျှောက်နေကြသူများ အနေဖြင့် အသက်သွေးချွေးများ ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြသူများကို မမေ့ဖို့ လိုကြောင်း၊ သူ့အနေဖြင့် ရှစ်လေးလုံးနေ့တွင် ကျဆုံးခဲ့ကြသော သူရဲကောင်းများကို အောက်မေ့ သတိရလျက် ၀မ်းနည်းကြောင်း အဆိုကို တင်သွင်းအပ်ပါကြောင်း စာထဲတွင် နိဂုံးချုပ် ဖော်ပြထားသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...