ရခိုင့်နိုင်ငံရေးအကျဉ်သားများ အမြန်ဆုံး ပြန်လွှတ်ပေးရန် ဂျပန်တွင် တောင်းဆို

ရခိုင့်နိုင်ငံရေးအကျဉ်သားများ အမြန်ဆုံး ပြန်လွှတ်ပေးရန် ဂျပန်တွင် တောင်းဆို
by -
နိရဥ္စရာ
လက်ရှိ ဖမ်းဆီးခံထားရသော ALP မှ ခိုင်မျိုးထွန်း အပါအဝင် ရခိုင်နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွတ်ပေးရန် ဂျပန်ရောက် ရခိုင်အမျိုးသားများက တိုကျိုရှိ မြန်မာ့သံရုံးရှေ့တွင် တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။

၎င်းတောင်းဆိုမှုကို ရခိုင်လူငယ်အစည်းအရုံး (ဂျပန်) မှ သြဂုတ်လ ၃ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ AA နဲ့ ငြိမ်းချမ်းရေးလက်မှတ် မရေးထိုးနိုင်သေးဘူး။ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ ALP က ခိုင်မျိုးထွန်းကို ဖမ်းဆီးထားတဲ့ ကိစ္စကလည်း ထည့်စဉ်းစားစရာပါ။ ဒီမိုကရေစီပြောင်းလဲကာမှ  အခြေအနေက ပိုမိုဆိုးဝါးနေသလိုဖြစ်နေပါတယ်။ ဒီလို အခြေအနေတွေကြောင့် ပင်လုံဟာ အရေခြံုဖြစ်လာမလား တွေးတောစရာပါ။ ဒီမိုကရေစီအစိုးရတစ်ရပ်ရဲ့ လက်ထက်မှာ အမှန်တရားကို ထုတ်ဖော်တဲ့ အတွက် ခိုင်မျိုးထွန်း ဖမ်းဆီးခံရတာ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်နေတဲ့ အတွက် သူ့ကို လွတ်ပေးဖို့ တောင်းဆိုတာပါ” ဟု ကိုသော်ဇင်ဖြိုးက ဆက်လက် ပြောဆိုသည်။

2016 08 07 09 04 32 Adobe Photoshop CS6

တောင်းဆိုပွဲသို့ ရခိုင်လူငယ် ၃၀ ခန့် ပူးပေါင်း ပါ၀င်ခဲ့ပြီး ပြည်တွင်း စစ်ရပ်စဲရေး၊ ALP မှ ခိုင်မျိုးထွန်းနှင့် ရခိုင့်နိုင်ငံရေး အကျဉ်းသားများကို ချက်ချင်း လွတ်ပေးရေး၊ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေအား တိကျပြတ်သားစွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ တရားမဝင် ဘင်္ဂလီများအား နိုင်ငံသားပေးမည့် အစီအစဉ် ချက်ချင်းရပ်ဆိုင်းရေး၊  မဘသနှင့်မြန်မာ့မျိုးချစ်အသင်းများ ရပ်တည်ခွင့်ပြုရေး တို့ကို တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...