ရခိုင်ပြည်နယ်လွှတ်တော်က အဆိုနှစ်ရပ်ကို အတည်ပြု

ရခိုင်ပြည်နယ်လွှတ်တော်က အဆိုနှစ်ရပ်ကို အတည်ပြု
by -
နိရဥ္စရာ
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့က တင်သွင်းခဲ့သော ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောတွေကို စည်းကမ်းချက်အတိုင်း စိစစ်ရေးအဆိုနှင့် ဘင်္ဂလီကို နဂိုရှိရင်းစွဲ အတိုင်း ဘင်္ဂလီအဖြစ် ခေါ်ဝေါ်သုံးနှုန်းရေး  အဆိုနှစ်ရပ်လုံးကို ယနေ့ လွှတ်တော်တွင် ကန့်ကွက်သူမရှိအတည်ပြုလိုက်သည်ဟု သတင်းရရှိသည်။

ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ၎င်းအဆိုနှစ်ရပ်ကို လွှတ်တော် တတိယနေ့ သြဂုတ်လ ၅ ရက်နေ့တွင် ထောက်ခံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

“လွှတ်တော်အစည်းအဝေး ပထမနေ့က တင်သွင်းခဲ့တဲ့ အဆိုတွေဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းနဲ့ပတ်သက်ပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောတွေကို စည်းကမ်းချက်အတိုင်း စိီစစ်ရေးအဆို၊ နောက်အဆိုတစ်ခုက ဘင်္ဂလီကို နဂိုရှိရင်းစွဲ အတိုင်း ဘင်္ဂလီအဖြစ် ခေါ်ဝေါ်သုံးနှုန်းရေးအဆိုကို ဒီနေ့ လွှတ်တော်မှ ထောက်ခံ ဆွေးနွေးကြပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာပါ” ဟု သူကပြောသည်။

Rakhine Parliament

ပထမအဆို ရခိုင်ကမ်းရိုးတမ်းတွင် ငါး၊ ပုဇွန် ရှားပါးလာသဖြင့် ကမ်းနီး၊ ကမ်းဝေး သင်္ဘောများအား စည်းကမ်းချက်များနှင့် အညီ စိစစ်ပေးပါရန် ရခိုင်ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းမှ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဒုတိယ အဆို ဘင်္ဂလီကို နဂိုရှိရင်းစွဲအမည်အတိုင်း ခေါ်ဝေါ်သုံးနှုန်းရေးအဆိုကို  ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းတို့က အဆို တင်သွင်း ခဲ့ကြခြင်းဖြစ်ပြီး  ၎င်း အဆိုကို ယနေ့တွင် ဦးဇော်ဇော်မြင့်၊ ဦးဖိုးစံ (ကျောက်ဖြူ ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂)၊ ဦးကျော်ဇောဦး (စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် ၂)၊ ဦးကျော်လွင် နှင့် ဂွမြို့နယ်မှ အမတ် တစ်ဦးတို့က ထောက်ခ ံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...