“ ပြည်သူတွေက သူဟာ အမှန်တရားဘက် ရပ်တည်တဲ့လူဖြစ်တယ်ဆိုပြီး ယုံကြည်အတွက် ခုလို တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု တောင်းဆိုရခြင်းနှင့် ပတ်သက်ပြီး တရားရုံးရှေ့တွင်ရောက်နေသူ ဒေါ်ကျော်မေက မှတ်ချက်ပြုပြောဆိုသည်။
ယနေ့ တရားရုံးရှေ့သို့ ရောက်ရှိလာသော လူအုပ်မှာ ၁၀၀၀ ခန့်တောင် ရှိကြောင်း၊ အားလုံးက ခိုင်မျိုးထွန်းကို လွတ်ပေးစေလို၍ လာရောက်ခြင်း ဖြစ်ကြောင်းတရားရုံးရှေ့တွင် လာရောက်တောင်းဆိုသူတစ်ဦးဖြစ်သူ ဒေါ်ကျော်မေက နိရဥ္စရာသို့ ပြောဆိုသည်။
“ ဒီမှာ ရှိနေတဲ့ လူတွေက သူ့ကို မတရားလုပ်တာလို့ မြင်ပါတယ်။ အမှန်တရားကို ဖော်ထုတ်လို့ ဖမ်းတယ်လို့ မြင်ပါတယ်။ ကျွန်မတို့က သူ့ကို မလွတ်ပေးရင် ဆက်လက် ဆန္ဒဖော်ထုတ် တောင်ဆိုသွားပါမယ်” ဟုလည်း၎င်း ဆက်လက်ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းသည် ဇူလိုင်လ ၂၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဧပြီလ ၂၇ ရက်နေ့က ALP ပြန်ကြားရေးဌာနမှ ထုတ်ပြန်သော ကြေငြာချက်ထဲတွင် ပေါ်တာဆွဲခြင်း၊ ကျေးရွာများကို နှင်ထုတ်ခြင်း၊ ပြည်သူများကို စစ်မြေပြင်သို့ ခေါ်ယူသွားခြင်း စသည့် အချက်များ ပါ၀င်သည်။
၎င်းထုတ်ပြန်ချက်သည် မြန်မာ့တပ်မတော်ကို အကြည်အညို ပျက်စေသည်ဟု ဆိုကာ ပုဒ်မ ၅၀၅ (ခ) (ဂ) ဖြင့် စစ်တွေ အခြေစိုက် ဒကစမှ ဒုဗိုလ်မှူးကြီး တစ်ဦးမှ စစ်တွေမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထား တရားစွဲခဲ့သည်။
၎င်းနောက်ပိုင်းတွင် ခိုင်မျိုးထွန်းအား ဖမ်းဆီးပြီး ဇူလှိုင်လ ၂၇ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ထပ်မံ ရမန်ယူခဲ့ပြီး သြဂုတ်လ ၅ရက်တွင် ပြန်လည် ရုံးထုတ်လာခဲ့ခြင်း ဖြစ်သည်။







