Miss Universe Sittwe ၂၀၁၆ သရဖူကို မြောက်ဦးသူ မခိုင်သန္တာလင်းရရှိ

Miss Universe Sittwe ၂၀၁၆ သရဖူကို မြောက်ဦးသူ မခိုင်သန္တာလင်းရရှိ
by -
နိရဥ္စရာ
Miss Universe Sittwe ၂၀၁၆ ရွေးချယ်ပွဲကို သြဂုတ်လ ၂ ရက်နေ့ ညပိုင်းက  ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်ခဲ့ရာ သရဖူကို မြောက်ဦးမြို့ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ခါးနံပါတ် ၅ မခိုင်သန္တာလင်းက ရရှိသွားခဲ့သည်။

ဒုတိယဆုကို ခါးနံပါတ် ၃ မပန်ပန်(စစ်တွေ)၊ တတိယဆုကို ခါးနံပါတ် ၁၃ မခင်လင်းထွန်း (ပုဏ္ဏားကျွန်း)၊ စတုတ္ထဆုကို ခါးနံပါတ် ၁၆ မသီရိသဇင် (စစ်တွေ)နှင့် ပဥ္စမဆုကို ခါးနံပါတ် ၁၄ မခင်စုလှိုင်(စစ်တွေ) တို့က ရရှိသွားခဲ့သည်။

Tittle ဆု ရရှိသူများမှာ Miss Photogenic ဆုကို ခါးနံပါတ် ၁၄ မခင်စုလှိုင်၊ Miss Best Style ဆုကို ခါးနံပါတ် ၁၇ မမြတ်ဆုဝေ၊ Miss Popularity ဆုကို ခါးနံပါတ် ၁၃ မခင်လင်းထွန်း၊ အခြား Tittle ဆု တစ်ဆုကို ခါးနံပါတ် ၁၂ မစောစန္ဒီအောင်၊ Miss Healthy Hair ဆုနှင့် Miss Strand Hotel award ဆုကို ၂၀၁၆ ခု Miss Universe Sittwe သရဖူကို ရရှိသူ မခိုင်သန္တာလင်းကပင် ဆွတ်ခူးရရှိခဲ့သည်။

နောက်ဆုံး ၁၀ ဦး စကာတင်ရွေးချယ်ခံရသူများမှာ ခါးနံပါတ် ၁ မကေခိုင် (စစ်တွေ)၊ ခါးနံပါတ် ၃ မပန်ပန် (စစ်တွေ)၊ ခါးနံပါတ် ၅ မခိုင်သန္တာလင်း (မြောက်ဦး)၊ ခါးနံပါတ် ၁၀ မခိုင်ဇင်သန့် (စစ်တွေ)၊ ခါးနံပါတ် ၁၃ မခင်လင်းထွန်း (ပုဏ္ဏားကျွန်း)၊ ခါးနံပါတ် ၁၄ မခင်စုလှိုင် (စစ်တွေ)၊ ခါးနံပါတ် ၁၆ မသီရိသဇင် (စစ်တွေ)၊ ခါးနံပါတ် ၄ မသဇင်ခိုင် (စစ်တွေ) ခါးနံပါတ် ၉ မယုအမရာအောင် (စစ်တွေ) နှင့် ခါးနံပါတ် (၂၀) မဝင်းသဥ္စာနွယ် (စစ်တွေ) တို့ဖြစ်သည်။

နောက်ဆုံး ၅ ဦးစကာတင်ရွေးချယ်ခံရသူများကို မေးခွန်းမေးမြန်းရာတွင် Miss Universe Sittwe သရဖူကို ရရှိသူ မခိုင်သန္တာလင်းကို အမျိုးသမီးအိမ်ထောင်ရှင်မကောင်း တစ်ယောက်နှင့် ဦးစီးဦးဆောင်လုပ်နိုင်ရန်အတွက် မည်သည့်အချက်နှင့် ပြည့်စုံရန် လိုအပ်သနည်းဟု မေးမြန်းရာ “သစ္စာတရားနှင့် နားလည်မှု”ရှိဖို့ လိုအပ်ကြောင်း သူမက ဖြေကြားသွားခဲ့သည်။

Miss Universe Sittwe ၂၀၁၆ သရဖူကို ဆွတ်ခူးရရှိသူ မခိုင်သန္တာလင်းက ရခိုင်အကျိုးကို ဆောင်နိုင်သည့် အမျိုးသမီးကောင်း တစ်ဦးဖြစ်အောင် ကြိုးစားနေသည်ဟု ပြောသည်။

“အခုလို ရခိုင်ကိုယ်စားပြုအနေနဲ့ ဆုရရှိတဲ့အပေါ်မှာ သိပ်ဝမ်းသာမိပါတယ်။ နောက်ထပ်လည်း ပိုပြီးတော့ ရခိုင်အကျိုးကို ဆောင်နိုုင်တဲ့ အမျိုးသမီးကောင်း တစ်ယောက် ဖြစ်ဖို့အတွက် ကြိုးစားနေပါတယ်။ တစ်နိုင်ငံလုံး ပြိုင်ပွဲဝင်တဲ့ အချိန်ခါမှာလည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားပါမယ်”ဟု သူမက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဆုချီးမြှင့်ရာတွင် Miss Universe Sittwe အတွက် ၁၀ သိန်းကျပ်၊ ဒုတိယဆုအတွက် ၈ သိန်းကျပ်နှင့် တတိယဆုအတွက် ၅ သိန်းကျပ်အပြင် Tittle ဆု တစ်ခုအတွက် ၂ သိန်းကျပ်စီ ချီးမြှင့်ခဲ့သည်ဟု သိရသည်။

Miss Universe Sittwe ၂၀၁၆ ဖြစ်မြောက်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရမှ ကျပ်သိန်း ၃၀ နှင့် ပြည်နယ်ဝန်ကြီးချုပ်ဟောင်း  ဦးမောင်မောင်အုန်းက ကျပ် သိန်း ၅၀ ထောက်ပံ့ပေးခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် Miss Universe ရွေးချယ်ပွဲကို ၂၀၁၃ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး ယခု အကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။

Miss Universe Sittwe သရဖူကို ရရှိသူသည် မြန်မာနိုင်ငံအဆင့် ရွေးချယ်ပွဲတွင် ရခိုင်ပြည်နယ်ကို ကိုယ်စားပြုပြီး ပါ၀င်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...