မြောက်ဦးမြို့နယ်တွင် သူရင်းဌား တစ်ဦး အသတ်ခံရ

မြောက်ဦးမြို့နယ်တွင် သူရင်းဌား တစ်ဦး အသတ်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ညောင်ပင်လှကျေးရွာတွင် ဇူလိူင်လ ၁၈ ရက်နေ့ ညနေက အသက် ၃၈နှစ်အရွယ် သူရင်းငှားတစ်ဦး အသတ်ခံရကြောင်း သတင်း ရရှိသည်။

သေဆုံးသူမှာ မောင်မြင့်လှိုင် (၃၈) နှစ် ဖြစ် ပြီး  သတ်သည်ဟု ယူဆထားသူ မှာ အောင်သန်းဌေး (၂၉) နှစ် ဖြစ်ကာ ၎င်းတို့ နှစ်ဦးစလုံးမှာ သူရင်းငှား အဖြစ် လုပ်ကိုင်နေသူများ ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်သောင်းမှ နိရဥ္ဇရာသတင်းဌာနသို့ အတည်ပြု ပြောဆိုပြောသည်။

“ကျွန်တော်တို့ သတင်းရရင် ရချင်းဘဲ စက်လှေနဲ့ အဲဒီရွာကို လိုက်သွားပါတယ်။ သတ်သူလို့ ယူဆရတဲ့ အောင်သန်းဌေးကို ဇူလှိုင်လ ၁၉ ရက်နေ့ မှာ ဖမ်းမိပါတယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ လယ်တဲတွင် စကားများကြရာမှ ဓားခုတ်မှု ဖြစ်ပွားသည်ဟု သိရှိကြောင်း၊ သေဆုံးသူ၏ ဦးခေါင်း နောက်စေ့တွင် ဓားခုတ်ဒဏ်ရာကို တွေ့ရှိရကြောင်း၊ ဓါးဖြင့်ခုတ်သူ အဖြစ် စွပ်စွဲခံထားရသူ အောင်သန်းဌေးကို ညောင်ပင်လှရွာနှင့် ၂ မိုင်ခန့် ဝေးကွာသည့်နေရာမှ ဒုရဲမှူး ကျော်မြဝင်းဦးဆောင်သောတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူး ဦးမြင့်သောင်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ ခုအောင်သန်းဌေးကို စစ်ဆေးနေတုန်းပါ။ စစ်ဆေးပြီးတာနဲ့ အမှုဖွင့်ပြီး လူသေမှုနဲ့ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်” ဟုပြောဆိုသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...