ကျောက်ဖြူကျေးလက်ဥက္ကဋ္ဌ အပါအဝင်သုံးဦးကိုအလုပ်​နှင်​့ထောင်ဒဏ်ချမှတ်

ကျောက်ဖြူကျေးလက်ဥက္ကဋ္ဌ အပါအဝင်သုံးဦးကိုအလုပ်​နှင်​့ထောင်ဒဏ်ချမှတ်
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်သည့်ဟုဆိုကာ ပုဒ်မ ၁၇(၁)နှင့် အမှုရင်ဆိုင်နေကြရသည့် ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသင်းဥက္ကဌ ဦးမောင်အေးအပါအဝင် လူငယ် နှစ်ဦးတို့ကို  ကျောက်ဖြူ မြို့နယ် တရားရုံးမှ ဇူလိုင်လ၁၃ရက် နံနက်က အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

“ ဒီကနေ့ ဇူလိုင်လ ၁၃ရက် နံနက်​ ၁၀ နာရီမှာ ထောင်ဒဏ်အသီးသီးချမှတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ မတရားအသင်​း အက်​ဥပ​ဒေ ၁၇(၁)နဲ့ အမိန်​့ချမှတ်​လိုက်​တာ ဖြစ်ပါတယ်။ ဦးမောင်အေးကို ထောင်ဒဏ် ၂ နှစ်နဲ့ ဦးထွန်းသာဖြူနှင့် ဦးဇော်ဝင်းမောင်တို့နှစ်ဦးကို ထောင်ဒဏ် ၃ နှစ် စီ အသီးသီးချမှတ်လိုက်တာ ဖြစ်ပါတယ်” ဟု သူတို့ အမှုကို လိုက်ပါ ကူဆောင်ရွက်ပေးနေသူ ရှေ့​နေဦးတင်​မြင်​့ က​ပြောသည်

ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ဦးမောင်အေး၊ ပေါက်တောမြို့နယ်၊ ယင်းရဲကန်ကျေးရွာမှ ဦးထွန်းသာဖြူနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာမှ ဦးဇော်ဝင်းမောင်တို့ သုံးဦးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာတွင် ဦးမောင်အေး၏နေအိမ်မှ စစ်ဘက်ရေးရာလုံခြံုရေးတပ်ဖွဲ့က ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။

Mg Aye 2

” သတင်​းအရ စရဖ ကတရားစွဲဆိုတာ​ပေါ့။ ​သုံးဦးစလုံးကို မတရားအသင်​းအက်​ဥပ​ဒေ ၁၇(၁)နဲ့ ပြစ်​ဒဏ်​ချမှတ်​လိုက်​တာဖြစ်​ပါတယ်​။ ​အောက်​ရုံးက ပြစ်​ဒဏ်​ချမှတ်​လိုက်​တာကို​တော့ မှတ်​ချက်​မ​ပေးလိုပါဘူး။ အထက်​ရုံး​ကို ဆက်​လက်​ပြီး အယူခံဝင်​သွားဖို့ရှိပါတယ်​”ဟု ​ရှေ့​နေဦးတင်​မြင်​့ က​ပြောသည်​။

၎င်းတို့သုံးဦးစလုံးအား ပြစ်​ဒဏ်​ကို ချုပ်​ရက်​မှ ခံစား​စေပြီး အလုပ်​နှင်​့​ထောင်​ဒဏ်​ချမှတ်​လိုက်​ခြင်း ဖြစ်ကြောင်း ရှေ့နေက ဆက်လက် ပြောဆိုသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...