ကျောက်ဖြူကျေးလက်ဥက္ကဋ္ဌ အပါအဝင်သုံးဦးကိုအလုပ်​နှင်​့ထောင်ဒဏ်ချမှတ်

ကျောက်ဖြူကျေးလက်ဥက္ကဋ္ဌ အပါအဝင်သုံးဦးကိုအလုပ်​နှင်​့ထောင်ဒဏ်ချမှတ်
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်သည့်ဟုဆိုကာ ပုဒ်မ ၁၇(၁)နှင့် အမှုရင်ဆိုင်နေကြရသည့် ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသင်းဥက္ကဌ ဦးမောင်အေးအပါအဝင် လူငယ် နှစ်ဦးတို့ကို  ကျောက်ဖြူ မြို့နယ် တရားရုံးမှ ဇူလိုင်လ၁၃ရက် နံနက်က အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

“ ဒီကနေ့ ဇူလိုင်လ ၁၃ရက် နံနက်​ ၁၀ နာရီမှာ ထောင်ဒဏ်အသီးသီးချမှတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ မတရားအသင်​း အက်​ဥပ​ဒေ ၁၇(၁)နဲ့ အမိန်​့ချမှတ်​လိုက်​တာ ဖြစ်ပါတယ်။ ဦးမောင်အေးကို ထောင်ဒဏ် ၂ နှစ်နဲ့ ဦးထွန်းသာဖြူနှင့် ဦးဇော်ဝင်းမောင်တို့နှစ်ဦးကို ထောင်ဒဏ် ၃ နှစ် စီ အသီးသီးချမှတ်လိုက်တာ ဖြစ်ပါတယ်” ဟု သူတို့ အမှုကို လိုက်ပါ ကူဆောင်ရွက်ပေးနေသူ ရှေ့​နေဦးတင်​မြင်​့ က​ပြောသည်

ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ဦးမောင်အေး၊ ပေါက်တောမြို့နယ်၊ ယင်းရဲကန်ကျေးရွာမှ ဦးထွန်းသာဖြူနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာမှ ဦးဇော်ဝင်းမောင်တို့ သုံးဦးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာတွင် ဦးမောင်အေး၏နေအိမ်မှ စစ်ဘက်ရေးရာလုံခြံုရေးတပ်ဖွဲ့က ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။

Mg Aye 2

” သတင်​းအရ စရဖ ကတရားစွဲဆိုတာ​ပေါ့။ ​သုံးဦးစလုံးကို မတရားအသင်​းအက်​ဥပ​ဒေ ၁၇(၁)နဲ့ ပြစ်​ဒဏ်​ချမှတ်​လိုက်​တာဖြစ်​ပါတယ်​။ ​အောက်​ရုံးက ပြစ်​ဒဏ်​ချမှတ်​လိုက်​တာကို​တော့ မှတ်​ချက်​မ​ပေးလိုပါဘူး။ အထက်​ရုံး​ကို ဆက်​လက်​ပြီး အယူခံဝင်​သွားဖို့ရှိပါတယ်​”ဟု ​ရှေ့​နေဦးတင်​မြင်​့ က​ပြောသည်​။

၎င်းတို့သုံးဦးစလုံးအား ပြစ်​ဒဏ်​ကို ချုပ်​ရက်​မှ ခံစား​စေပြီး အလုပ်​နှင်​့​ထောင်​ဒဏ်​ချမှတ်​လိုက်​ခြင်း ဖြစ်ကြောင်း ရှေ့နေက ဆက်လက် ပြောဆိုသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...