ဘူးသီးတောင်တွင် အမျိုးသား တစ်ဦး ရေနှစ် သေဆုံး

ဘူးသီးတောင်တွင် အမျိုးသား တစ်ဦး ရေနှစ် သေဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်တွင် ရေကြီးနေစဉ်  အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ဒေသခံများက နိရဥ္စရာသို့ ပြောသည်။

သေဆုံးသူမှာ ဘူးသီးတောင်မြို့ မြို့မရပ်ကွက်မှ အသက် ၄၇ နှစ်အရွယ် ဦးမောင်မောင်ခင် ဖြစ်သည်ဟု ဆိုသည်။

“သူက မနေ့ည ၁ဝ နာရီလောက်ကနေ ပျောက်သွားတာ။ ဒီကနေ့နေ့လယ်ပိုင်းမှ သူ့အလောင်းကို ရပ်ကွက်ထဲမှာ ရှာတွေ့တာ”ဟု အဆိုပါရပ်ကွက်မှ ကိုကျော်နိုင်ဦးက နိရဥ္စရာသို့ပြောသည်။

သေဆုံးသူသည် ဘူးသီးတောင်မြို့မစျေးတွင် ဟင်းသီးဟင်းရွက်ရောင်းချနေသူဖြစ်ပြီး သေဆုံးချိန်တွင် သားသမီး ၄ ဦးကျန်ရှိခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် သူ့အလောင်းအား ဘူးသီးတောင်မြို့နယ်ဆေးရုံရင်ခွဲရုံတွင်ထိန်းသိမ်းထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြို့တချို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်ပြီး မြစ်ရေများမြင့်တက်လာမှုကြောင့် ရေနစ်မြုပ်လျက်ရှိရာ ဘူးသီးတောင်မြို့သည်လည်း ရေလွှမ်းခံနေရသည်။

“ဆေးရုံမှာ မနေ့က ရေတက်လာတဲ့အတွက် ဆေးရုံက လူနာ ၁၉ ယောက်ကိုတော့ ဆေးရုံဝင်းထဲက နှစ်ထပ်ဆောင်ကို ပြောင်းရွှေ့ပေးလိုက်ရတယ်။”ဟု ဘူးသီးတောင်မြို့နယ်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဘူးသီးတောင်တွင် ရေများပြန်ကျနေသော်လည်း မြစ်ရေများ ပြန်လည်မြင့်တက်လာနိုင်ခြင်းရှိ၊မရှိကို သတိထားစောင့်ကြည့်နေရကြောင်းလည်း မြို့ခံများက ပြောသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...