တာကာ ရ ကုဋေခွဲ တန်ဖိိုးရှိ စိတ်ကြွဆေးပြားများ မြန်မာနယ်စပ်အနီး ဖမ်းမိ

တာကာ ရ ကုဋေခွဲ တန်ဖိိုးရှိ စိတ်ကြွဆေးပြားများ မြန်မာနယ်စပ်အနီး ဖမ်းမိ
by -
နိရဥ္စရာ
မြန်မာနိုင်ငံ မောင်တောမြို့နယ်နှင့် ထိစပ်နေသော ဘင်္ဂလာဒေ့ရှ် နိုင်ငံ တက်ကနက်မြို့နယ် အတွင်း ယနေ့ နံနက်က တာကာငွေ ရ ကုဋေခွဲ တန်ဖိုးရှိသော ယာဘားဆေးပြား နှစ်သိန်းခွဲကို နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု Cox’sbazar News တွင် သတင်း ဖော်ပြသည်။

Yaba 1 1ဘီဂျီဘီ အမှတ် (၂) တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး အာဘူဇာ အာဇာဟီး ဦးဆောင်ပြီး တက်ကနက်မြို့နယ် ဆားပြင်ရွာအနီးတွင် ယနေ့ နံနက် စောစော  ၄ နာရီခွဲတွင် ဖမ်းဆီမိခဲ့သည်ဟုဆိုသည်။

မှောင်ခိုသမားများသည် နယ်ခြားစောင့်တပ်ဖွဲ့မှ ရှာဖွေမှုများ ပြုလုပ်နေသည် ကို တွေ့မြင်ပြီးနောက် ၎င်းယာဘားဆေးပြားများကို လွှင့်ပစ်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြသည်ဟု သတင်းတွင် ဖော်ပြသည်။

၎င်းဆေးပြားများကို ဖမ်းဆီးရမိသော်လည်း မည်သည့်နိုင်ငံက ၀င်လာသည်ကို သတင်းတွင် ဖော်ပြထားခြင်း မရရှိချေ။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...