ကျို့(ခ်)ရှင်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဆရာကြီးပီတာချောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိ

ကျို့(ခ်)ရှင်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဆရာကြီးပီတာချောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိ
by -
နိရဥ္စရာ
စင်္ကာပူ နိုင်ငံတွင် နေထိုင်သူ  ကျို့(ခ်)ရှင်း(အားမာန်) အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဆရာကြီးပီတာချောင်းသည် မြန်မာနိုင်ငံ တာဝန်ခံ ဆရာကြီး ဦးမင်းလွင်နှင့်အတူ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရောက်ရှိလာခဲ့သည်။

ဆရာကြီးပီတာချောင်းအား ရခိုင်ပြည်နယ်မှ ကျို့(ခ်) ရှင်းအဖွဲ့ဝင်များများက စစ်တွေ လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။

ယင်းနောက် ရခိုင်ပြည်နယ် အားကစားရုံတွင် ရခိုင်ပြည်နယ်မှ ကျို့(ခ်)ရှင်းကရာတေး လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ပြီး နည်းစနစ်များကို သင်ပြပေးကာ ရခိုင်ပြည်နယ်မှ အဖွဲ့ဝင်များနှင့်အတူ လေ့ကျင့် ကစားခဲ့ကြသည်။

IMG20160519173923

ကျို့ရှင်း နည်းပညာကို ရခိုင်ပြည်နယ်တွင် ၁၉၈၅ ခုနှစ်ကတည်းက ဆရာကြီး ဦးလှဖေက စတင် ကစားလာခဲ့ပြီး ယနေ့ကာလတွင် သင်တန်းများကို ရခိုင်ပြည်နယ် စစ်တွေမြို့၌ တစ်နှစ်ပတ်လုံး ဖွင့်လှစ်လျက်ရှိပြီး နွေရာသီတွင် သီးသန့်သင်တန်းများကို ပို့ချလျက်ရှိသည်ဟု သိရသည်။

“ကျို့(ခ်)ရှင်းအဖွဲ့ ရခိုင်ပြည်နယ်အနေနဲ့တော့ နိုင်ငံအဆင့် ပြိုင်ပွဲတွေမှာ ၂၀၁၂ ခုနှစ်က ၉ ယောက် ဆုရရှိ ခဲ့ပြီးတော့ နောက်လည်း ဆုရရှိခဲ့ဖူးတဲ့ သူတွေရှိပါတယ်။ ရခိုင်ပြည်နယ် အတိုင်းအတာနဲ့တော့ ကျွန်တော်က တာဝန်ခံ ဖြစ်ပြီး ၄ ဒန်အဆင့်ရှိတယ်။ ကျွန်တော့်အောက်မှာ ဆရာသံခဲရှိပါတယ်။ နောက် ဆရာတွေ အနေနဲ့ ၂ ဒန် နှစ်ယောက်နဲ့  ၁ ဒန် ၄-၅ ယောက်လောက်ရှိပါတယ်” ဟု ကျို့(ခ်)ရှင်း ကရာတေး ရခိုင်ပြည်နယ် တာဝန်ခံ ဆရာကြီး ဦးလှဖေက နိရဥ္စရာ သတင်းဌာနသို့  ရှင်းပြ ပြောဆိုသည်။

ကျို့(ခ်)ရှင်းပညာရပ်တွင် ဒန်တစ်ဒန်ရရှိရန် အလွန်ခက်ခဲ့ကြောင်း၊ ယင်းကြောင့် ဆရာကြီး အိုရာမားက ပြောကြားခဲ့သည်မှာ ကျောက်နံရံတစ်ခုတွင် လှေကားထစ်ထွင်းသည်နှင့် သဏ္ဍာန်တူသည်ဟု သူက ဆိုသည်။

“ကျွန်တော်တို့ ကျို့(ခ်)ရှင်း ကရာတေးက ရုပ်ပိုင်ဆိုင်ရာ တစ်ခုတည်း မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာလည်း ပြည့်ဝ ဖို့ လိုအပ်ပါတယ်။ ကျို့(ခ်)ရှင်းကစားသမားတစ်ယောက်အတွက် အဓိက နံပါတ် ၁ ကဆိုရင် စိတ်ပိုင်း ဆိုင်ရာ ယဉ်ကျေးသိမ့်မွေ့တဲ့ သူတစ်ယောက်ဖြစ်ရမယ်လို့ ဆရာကြီးအိုရာမားက ပြောထားပါတယ်။ ဒုတိယမှ ပညာရပ်ဖြစ်ပါတယ်” ဟု ဆရာကြီး ဦးလှဖေက ဆက််ပြောသည်။

IMG20160519180340

ယခုလက်ရှိတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကျို့(ခ်)ရှင်းကရာတေး သင်တန်းကျောင်းတစ်ခုအတွက် မြေနေရာ ရရှိထားပြီး၊ အဆောက်အဦးအတွက်လည်း ငွေကြေးထည့်ဝင် ကူညီမည့်သူများ ရှိနေပြီဟု ဆိုသည်။

ဆရာကြီးပီတာချောင်းသည် ပြည်ပမှ ရခိုင်ပြည်နယ်သို့ ပထမဦးဆုံး အလည်အပတ် ရောက်ရှိလာသော ကျို့(ခ်)ရှင်း ပညာရှင်တစ်ဦးဖြစ်ပြီး ၈ ဒန်အဆင့်ရှိသည်။

ကျို့(ခ်)ရှင်းနည်းပညာကို အိုရာမားက အစပျိုးခဲ့ပြီး ၁၀ ဒန်အဆင့်ထိ ပိုင်ဆိုင်ခဲ့ကြောင်း၊ ဂျပန်တွင် အခြေစိုက်ကြောင်း၊ သို့သော် သူ့နောက်ပိုင်းတွင် ၈ ဒန်သည်သာ အဆင့်အမြင့်ဆုံးဖြစ်ပြီး၊ လက်ရှိ အဖွဲ့ချုပ် ဥက္ကဋ္ဌမှာလည်း ၈ ဒန် အဆင့်ရှိကြောင်း သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...