ယခုအခါ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် မုန်တိုင်းကို နံပတ် (၄) အဆင့်သို့ သတ်မှတ်လိုက်ပြီး ငါးဖမ်းလှေများ အပါအဝင် ရေကြောင်းသွားယာဉ်များကို ကမ်းနီးသို့ ပြန်ကပ်လာကြရန် သတိပေးထားပြီး သဘောင်္များကို ပင်လယ်ပြင်သို့ မထွက်ခွာကြရန် အကြံပြုထားကြောင်း သိရသည်။
ဆိုင်ကလုန်မုန်တိုင်း Roanu မှာ ဘင်္ဂလာပင်လယ်အော် အနောက် တောင်ဘက်မှ မြောက်ပိုင်းသို့ တဖြည်းဖြည်း ရွှေ့လျားနေပြီး ယခု ဖော်ပြပါ ပုံအရ မေလ ၂၂ ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားနှင့် မြန်မာနိုင်ငံ မောင်တောမြို့ အကြားကို ဖြတ်သန်း ၀င်ရောက်တိုက်ခတ်နိုင်ခြေ ရှိနေသည်။
ဆိုင်ကလုန် မုန်တိုင်းမှာ တစ်နာရီ ၅၄ ကီလိုမီတာနှုန်းနှင့် ရွှေ့လျားနေပြီး နောက်ပိုင်းတွင် ၈၈ ကီလိုမီတာထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ အပါအဝင် ကမ်းရိုးတန်း တစ်လျှောက်တွင် မုန်တိုင်း သတိပေးမှုများ မေလ ၁၉ ရက်နေ့ ညနေထိ မရှိသေးကြောင်း သိရသည်။
ယခု ဖော်ပြပါ ပုံအရ မုန်တိုင်းသည် မေလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ရခိုင်ပြည်နယ် အနောက်ဘက်အစွန်ဆုံး မောင်တောမြို့အနီးမှ ကပ်ပြီး ဖြတ်သန်း ၀င်ရောက်ဖွယ်ရှိနေသည်ကို တွေ့ရပါသည်။







