ကျောက်ဖြူ မင်းပြင် မိုးလေဝသ ရေဒါစခန်း ဖွင့်လှစ်

ကျောက်ဖြူ မင်းပြင် မိုးလေဝသ ရေဒါစခန်း ဖွင့်လှစ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)အကူအညီဖြင့် တပ်ဆင်မည့် မိုးလေဝသတိုင်းတာသော မိုးလေဝသ မုန်တိုင်းပြ ရေဒါစခန်းကို အောက်တိုဘာ ၉ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ရေဒါစခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ လာရောက်ဖွင့်လှစ်ခဲ့ပေးခဲ့သည်။ ကျောက်ဖြူမြို့နယ် မိုးလေဝသမုန်တိုင်းပြရေဒါစခန်းကို ၂၀၁၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်လည်း ရာသီဥတုဆိုင်ရာ မုန်တိုင်းပြရေဒါ စခန်းများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ရေဒါစခန်း၌ စက်ကိရိယာ တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၆ ခုနှစ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး မန္တလေးမြို့ရှိ ရေဒါစခန်း တည်ဆောက်မှုမှာ ၂၀၁၇ တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ရေဒါစခန်းများမှ အချက်အလက်များ စုဆောင်းတွက်ချက်၍ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ထုတ်ပြန်နိုင်မည်ဟု သိရသည်။

၎င်းအပြင် နေပြည်တော်တွင်လည်း  Date Center ကိုလည်းတည်ဆောက်နေပြီး ရေဒါစခန်းများ တည်ဆောက်ပြီးပါက လေတိုက်ခတ်နှုန်း အပါအဝင်  မုန်တိုင်းဝင်ရောက်လာနိုင်မည့် လမ်းကြောင်း တို့ကို ယခင်ကထက် တိတိကျကျ ကြိုတင်ပြီး မုန်တိုင်းသတင်းပေးပို့ချက်များကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်သွားနိုင်မည် ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

မင်းပြင်တွင် တပ်ဆင်ထားသော ရေဒါများသည် တိမ်များ၏ရွေ့လျားမှု လမ်းကြောင်းနှင့် မုန်တိုင်း ဖြစ်ပေါ်ခြေကို အဓိကဖော်ပြပေးနိုင်မည်ဖြစ်ပြီး ယခင်က ၆၀ ရာခိုင်နှုန်းခန့် ခန့်မှန်းနိုင်ရာမှ ယခုအခါ ၈၀ ရာခိုင်နှုန်းအထိ ပျှမ်းမျှခန့်မှန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာရှိ ရေဒါများတည်ဆောက်ရန် JICA မှ ယန်း သန်း ၄၀၀၀ ကျော် ကူညီထောက်ပံ့ထားကြောင်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...