ဘင်္ဂလာဒေ့ရှ် နိုင်ငံသား နှစ်ဦးကို ပြန်ပေးဆွဲသည်ဟု စွပ်စွဲခြင်းမှာ မဟုတ်မှန်ကြောင်း ALP ငြင်းဆို

ဘင်္ဂလာဒေ့ရှ် နိုင်ငံသား နှစ်ဦးကို ပြန်ပေးဆွဲသည်ဟု စွပ်စွဲခြင်းမှာ မဟုတ်မှန်ကြောင်း ALP ငြင်းဆို
by -
နိရဥ္စရာ
မောင်အေးနှင့် ကောင်းမြတ်နိုင် - ဘင်္ဂလာဒေ့ရှ် နိုင်ငံ၊ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင်ခရိုင်မှ လူနှစ်ဦးကို ရခိုင်ပြည် လွှတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်များမှ ပြန်ပေးဆွဲသွားကြောင်း ဘင်္ဂလာဒေ့ရှ် သတင်းစာများ တွင် ရေးသားနေမှုများမှာ အခြေအမြစ်မရှိသော စွပ်စွဲချက်သာဖြစ်ကြောင်း ရခိုင်ပြည် လွှတ်မြောက်ရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်မြရာဇာလင်းက ပြောသည်။

“ကျွန်မ ALP အနေနဲ့ ဒီလို ဖမ်းဆီးဖို့ ညွှန်ကြားချက် မရှိပါဘူး။ ဘယ်တော့မှ မဖြစ်နိုင်ပါ။ ရခိုင်ပြည် လွှတ်မြောက်ရေးပါတီက အဲဒီဘင်ဒရိုဘင် ဒေသမှာ တပ်စွဲထားတာလည်း မရှိပါဘူး။ အကုန်လုံးက ဌာနချုပ်ကို ရောက်နေကြပါတယ်။ ခုလို စွပ်စွဲတာက အခြေအမြစ် မရှိတဲ့ စွပ်စွဲချက် တစ်ခုသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု သူမက ဆိုသည်။

လွန်ခဲ့သော စနေနေ့ (အောက်တိုဘာ ၃ရက်နေ့)က အဖွဲ့ဝင် (၁၀) ဦးခန့် ပါဝင်သော ရခိုင်ပြည် လွှတ်မြောက်ရေးပါတီမှ  မြန်မာနယ်စပ် အနီးရှိ ဘင်ဒရိုင်ဘင်ခရိုင်၊ ရုံမော  ်မြို့နယ်အတွင်းရှိ ရန်ချောင်းသို့ လမ်းပြ မြိုအမျိုးသား နှစ်ဦးနှင့် သွားရောက်စဉ် ဒက္ကားမြို့မှ ဧည့်သည် နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုအခါ တာကာငွေ သိန်း ၅၀ (မြန်မာကျပ်ငွေနှင့် ဆိုလျင် သိန်းပေါင်း ရ၅၀)ကို ပြန်ပေးငွေအဖြစ် တောင်းခံကြောင်း Dhaka Tribune သတင်းစာ အပါအဝင် ဘင်္ဂလီ သတင်းစာအများအပြားတွင် ရေးသားဖော်ပြသည်။

ဖမ်းဆီးပြန်ပေးဆွဲ ခံရသူ ၂ ဦးမှာ ဒါကာမြို့ မီပူရ်အရပ်မှ Munna ၃၅ နှစ် နှင့် Zubayer ၂၈ နှစ် တို့ ဖြစ်ကြသည်။

ယခုကဲ့သို့ ပြန်ပေးဆွဲ တာကာသိန်း (၅၀) တောင်းခံသည်ဆိုသည့် သတင်းကိုု ယမန်နေ့ (အောက်တိုဘာ ရရက်နေ့)ညနေပိုင်းက ATN ဘင်္ဂလားဒေ့ရှ် ရုပ်သံသတင်းတွင် စတင်ကြေညာခဲ့သည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

အဖမ်းခံရရာတွင် ပါဝင်သူ လမ်းပြ မြို Mangsai Mro ၏ အစ်ကို ဖြစ်သူမှ သူ့အား ALP မှ ဒေသဆိုင်ရာ တပ်မှူးတစ်ဦးက ခေါ်ယူပြီး ပြန်ပေးငွေကို တောင်းခံခဲ့သည်ဟု ပြောဆိုကြောင်း Dhaka Tribune သတင်းတွင် ဖော်ပြထားသည်။

“အဲဒီစကားဟာ မမှန်ကန်ဘူးဆိုတာကို အခိုင်အမာ ငြင်းဆိုချင်ပါတယ်”ဟု ဒေါ်မြရာဇာလင်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသတွင် မြို၊ မြံု၊ သက်၊ ဒိုင်းနက်၊ မာရမာ (ရခိုင်မျိုးနွယ်စု) တောင်ပေါ်တိုင်းရင်းသား လူမျိုးစု အများအပြားနေထိုင်ကြပြီး ယင်းဒေသတွင် မြန်မာနိုင်ငံမှ ရခိုင် လက်နက်ကိုင် အင်အားစုများသာမက ယင်းဒေသရှိ လူမျိုးစု တော်လှန်ရေး အဖွဲ့များလည်း လူပ်ရှားမှုများ ရှိနေသော ဒေသ တစ်ခုဖြစ်ကြောင်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...