ရခိုင်တွင် ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံရမှု တိုးပွားလာ

ရခိုင်တွင် ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံရမှု တိုးပွားလာ
by -
နိရဥ္စရာ
ရခိိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ပါတီဆိုင်းဘုတ်များအား ဖျက်ဆီးမှုများလည်း တိုးပွားလာနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ပေါ်တွင် ရခိုင်မျိုးချစ်ပါတီ(APP) ဆိုင်းဘုတ်တစ်ခု စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ဖျက်ဆီးခံလိုက်ရသလို စက်တင်ဘာ၂၂ရက်နေ့ကလည်း  ရခိုင်အမျိုးသား ပါတီ (ANP)  ဆိုင်းဘုတ်တစ်ခု အမ်းမြို့နယ်တွင် ဖျက်ဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။

ရခိုင်မျိုးချစ်ပါတီ စစ်တွေရုံးတာဝန်ခံ ဦးခင်မောင်ထွန်းက “ကျွန်တော် စက်တင်ဘာလ ၂၄ ရက်နေ့  နံနက်ပိုင်း ၈ နာရီခွဲလောက်မှာ ဖြတ်သွားတော့ အဲ့ဒီဆိုင်းဘုတ်က အကောင်းသား ရှိနေခဲ့တာကို သတိပြုမိခဲ့ပါတယ်။ မွန်းတည့် ၁၂ ရီလောက်မှာတော့ ပျက်စီးနေတာကို တွေ့ခဲ့ရပါတယ်”ဟု ပြောသည်။

ဖျက်ဆီးခံရသော ရခိုင်မျိုးချစ်ပါတီ၏ ဆိုင်းဘုတ်သည်  စစ်တွေမြို့ အထွေထွေရောဂါကု ဆေးရုံကြီး နှင့် မြို့လယ် နာရီစင်အသစ် အကြားတွင် တည်ရှိပြီး၊ ဆိုင်းဘုတ်ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် စာရေးသားတိုင်ကြားထားကာ မိတ္တူကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်နှင့် စည်ပင်သာယာရေးသို့ ပေးပို့ထားသည်ဟု ဦးခင်မောင်ထွန်းက ဆိုသည်။

အမ်းမြို့နယ် ဒလက်အုပ်စု၊ အနောက်ရွာတွင် ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး ပါတီ၏  အမ်းမြို့နယ် တွဲဘက် အတွင်းရေးမှူး ဦးဇော်မင်းက ယခုလို ပြောသည်။

“ပါတီဆိုင်းဘုတ်အဖျက်ခံရတာ ဟုတ်ပါတယ်။ ပါတီဆိုင်းဘုတ်အဖျက်ခံရတာနဲ့ ပတ်သက်ပြီးတော့ စက်တင်ဘာ ၂၃ရက်နေ့မှာ ကျေးရွာပါတီက အနောက်ရွာရဲစခန်းမှာ တိုင်တန်းထားပါတယ်”ဟု  ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း အမ်းမြို့နယ် မွှားအုပ်စု၊ ပဒဲကြောကျေးရွာတွင် ရခိုင်အမျိုးသား ပါတီ ဆိုင်းဘုတ်နှင့် ချင်းအမျိုးသာ းဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ် တစ်ညတည်းတွင် ဖျက်ဆီးခံရဖူးကြောင်း သိရသည်။

စက်တင်ဘာ၂၃ ရက်နေ့ကလည်း  ဒလက်အုပ်စု၊ အနောက်ရွာ၌ ချင်းဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ ဆိုင်းဘုတ်ကို ဖြုတ်ချရန် လူတစ်စုက ဖိအားပေးမှုများရှိသည်ဟု ၎င်းကျေးရွာသားတွေက ဖုန်းဆက်၍ ပြောဆိုကြောင်း ဦးဇော်မင်းက ပြောသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...