Wall of West Music Band အဖွဲ့မှ မီဒီယာများနှင့် တွေ့ဆုံပွဲပြုလုပ်

Wall of West Music Band အဖွဲ့မှ မီဒီယာများနှင့် တွေ့ဆုံပွဲပြုလုပ်
by -
နိရဥ္စရာ
ပရဟိတအလုပ်များကို လုပ်ဆောင်၍ မိမိပြည်နယ်အတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုသွားမည့် အနောက်ပြည်က ဂီတတံတိုင်းဟု အဓိပ္ပာယ်ရသည့် Wall of West Music Band အဖွဲ့မှ မီဒီယာနှင့် တွေ့ဆုံပွဲတစ်ခုကို ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ အာရီယာန်ခန်းမတွင် စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက်က ပြုလုပ်ခဲ့သည်။

“ဂီတလောကမှာ အရည်အချင်းမပြည့်စုံသေးတဲ့ မျိုးဆက်သစ်လူငယ်တွေကို အရည်အချင်းမြှင့်တင်ပြီး တော့ မြန်မာနိုင်ငံအဆင့်ထိ ထိုးဖေါက်နိုင်အောင် ပ့ံပိုးပေးသွားမည့်အပြင် ဂီတလောကကို ဝါသနာ ပါသူတွေကိုလည်း မြေတောင်မြှောက်ပေးသွားပါ့မယ်”ဟု ရခိုင်အဆိုတော် ကိုစစ်နိုင်က ပြောသည်။

အဆိုပါ တီးဝိုင်းသည် မြန်မာနိုင်ငံတွင် ရခိုင်လူမျိုးများအတွက် ဒုတိယမြောက်တီးဝိုင်းဖြစ်ပြီး တစ်နှစ်၊ နှစ်နှစ်အတွင်း ရခိုင်သီချင်းခွေများကိုသာ ထုတ်ဝေသွားမည်ဖြစ်ကာ နောက်ပိုင်းတွင် မြန်မာသီချင်း ခွေများကိုလည်း ထုတ်ဝေသွားမည်ဟု သိရသည်။

“ရခိုင်သီချင်းခွေထုတ်ရင် သိန်း ၅၀ ရင်းလိုက်ရင်၊ သိန်း ၂၀ လောက်ပဲ ပြန်ရပါတယ်။ ခွေဆိုင်ဖွင့်တဲ့ သူတွေက သစ္စာမရှိကြဘူး။ ကူးခွေတွေအဖြစ် ဖြန့်ဝေနေကြတယ်။ အဲ့ဒီတော့ ရခိုင်ဂီတလောကကို အဆင့်မြှင့်တင်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ခွေဆိုင်ပိုင်ရှင်တွေ အနေနဲ့ ကူးခွေတွေ မရောင်းဘဲ သစ္စာရှိကြမယ်ဆိုရင် ရခိုင်ဂီတလောကကို အဆိုရော၊ သရုပ်ဆောင်ရော မြှင့်တင်နိုင်မှာဖြစ်ပါတယ်”ဟု ရခိုင်အဆိုတော် ကိုရဲလင်းအောင်က ပြောသည်။

Wall of the West Music Band မှ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရခိုင်မျိုးဆက်သစ်လူငယ်များအဖွဲ့ကပြုလုပ်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဂီတဖျော်ဖြေပွဲတွင်လည်း ပါဝင်ဖျော်ဖြေခဲ့သည်ဟု သိရသည်။

၎င်းတီးဝိုင်းကို ၂၀၁၅ ခုနှစ် ရခိုင်အမျိုးသားနေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရခိုင်အဆိုတော်များထဲမှ ကိုညီမင်းခိုင်း၊ ကိုစစ်နိုင်၊ ကို L-ကိုလင်း၊ ကိုခိုင်မင်းဟိန်းနှင့် ကိုရဲလင်းအောင်တို့ပါ၀င်ကာ တီးဝိုင်းအဖွဲ့တွင် ကိုဇော်နိုင်၊ ကိုနိုင်ထူး၊ ကိုအောင်တိုး၊ ကိုရဲနီတို့ပါ၀င်ပြီး အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

Wall of the West Music Band ကို နောက်ကွယ်မှပံ့ပိုးမှုမပါဘဲ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရန်ပုံငွေရရှိအောင် စင်တင်ဖျော်ဖြေမှုများပြုလုပ်သွားမည်ဖြစ်ကာ၊ အဆိုပါတီးဝိုင်းကို ငှားရမ်းမည်ဆိုပါက ရခိုင်ပြည်နယ်အတွင်းတွင် ၂၅ သိန်းကျပ် သတ်မှတ်ထားသည်ဟု သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...