ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အာလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် ရခိုင်ဝန်ကြီး ဦးဇော်အေးမောင် တိုက်တွန်း

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အာလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် ရခိုင်ဝန်ကြီး ဦးဇော်အေးမောင် တိုက်တွန်း
by -
နိရဥ္စရာ
မေတ္တာမျှဝေလူငယ်များ လူမှုကူညီရေးအဖွဲ့၏ ရခိုင်ပြည်နယ် ရေဘေးကယ်ဆယ်ရေးခရီးစဉ် သတင်း စာရှင်းလင်းပွဲနှင့် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးထောင်ဘိုလမ်းရှိ ဓညဝတီသာသနာပြုကျောင်းတိုက်၌ စက်တင်ဘာ ၂၅ရက်နေ့၊ နံနက် ၉နာရီက ပြုလုပ်ရာတွင် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင်က ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးကို အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းသွားခဲ့သည်။

“ရခိုင်ပြည်နယ် ပြန်လည်ထူ ထောင်ရေးဟာ တစ်သင်း၊ တစ်ဖွဲ့တည်း ကူညီဆောင်ရွက်တာနဲ့ မလုံလောက်ပါဘူး။ ရခိုင်သဟာယအသင်း၊ မြို့နယ် အသင်းတွေ၊ တခြား အသင်းအဖွဲ့တွေနဲ့ ဒီမေတ္တာမျှဝေ လူငယ်တွေ ဆောင်ရွက်ကြသလို အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်”ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

ထို့အပြင် “ဒီလိုမျိုး မေတ္တာ စေတနာအပြည့်နဲ့ ဆောင်ရွက်နေကြတဲ့ လူငယ်တွေ၊ အသင်းအဖွဲ့တွေ
အားလုံးကို အသိအမှတ်ပြု အားပေးပါတယ်။ ဂုဏ်လည်း ယူပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မေတ္တာမျှဝေလူငယ်များ  လူမှုရေးအဖွဲ့၏ ဦးဆောင်သံဃာတော်တစ်ပါး ဖြစ်သည့် ဦးဇာဂရမှလည်း
“ဦးဇင်းတို့ မေတ္တာမျှဝေအဖွဲ့ဟာ  သစ္စာမှန်လို့ အောင်မြင်ခဲ့တာပါ။ ဒီအဖွဲ့သားတွေ အကုန်လုံးဟာ
ခရီးစဉ်တလျှောက်မှာ မိမိတို့ အသုံးစရိတ်စကငွေကို ကိုယ်ပိုင်ငွေကပဲ သုံးခဲ့ကြလို့ဖြစ်ပါတယ်”ဟု မိန့်ကြားသည်။

“မေတ္တာတရားရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ပေါင်းစည်းဆောင်းရွက်မှုတွေနဲ့ ရခိုင်ပြည်နယ်၊ ရခိုင်လူမျိုးတွေရဲ့ လိုအပ်ချက်တွေကို ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးကလည်း ပြောသည်။

မေတ္တာမျှဝေလူငယ်များလူမှုရေးအဖွဲ့၏ ဘဏ္ဍာရေးမှူးမနီနီဆန်းမှလည်း “မေတ္တာမျှဝေလူငယ်တွေဟာ
ရခိုင်ပြည်သူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တစ်ထောင့်တစ်နေရာမှာ ဆက်လက်ရှိနေဦးမှာပါ”ဟု
ဆိုသည်။

မေတ္တာမျှဝေလူငယ်များ လူမှုရေးအဖွဲ့သည် ရခိုင်ပြည်နယ် ရေဘေးကယ်ဆယ်ရေးတွင် အစောဆုံးနှင့် နေရာအများအပြားသို့ သွားရောက်ကူညီခဲ့သည့်အဖွဲ့ ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စသည့် ဒေသများတွင် ကျပ်သိန်းပေါင်း နှစ်ထောင် ခြောက်ရာကျော် (၂၆၄၄၂၃၁၄၅) ကျပ်တန်ဖိုးရှိ ပစ္စည်းမျိုးစုံကို သွာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပြုလုပ်ခဲ့သည့်အခမ်းအနားတွင် ရခိုင်ပြည်နယ်ရေးဘေးကြောင့် အသက်ဆုံးရှုံးခဲ့ကြသည့် ပြည်သူများအား ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့အပြင် ရခိုင်ပြည်နယ်ရေဘေး ကယ်ဆယ် ရေးခရီးစဉ်တွင် ရေဘေးကြောင့် အသက်ဆုံးရှုံးသွားခဲ့သူ တစ်ဦးလျှင် ကျပ်တစ်သိန်းစီ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့အဖွဲ့ရဲ့လက်ကျန် သိန်းခုနှစ်ရာကျော်ကို စာသင်ကျောင်းတွေ ဆောက်လုပ်လှူဒါန်း နေပါ တယ်။ မြောက်ဦးမြို့ မြတန်းဆောင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် သိန်းသုံးရာ (၃၀၀)၊ ကျောက်တော် လိပ်မကြီးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောက်အတွက် ကျပ်သိန်း နှစ်ရာ(၂၀၀)နဲ့ မင်းပြား ကံဖေကျေးရွာ မူလတန်းကျောင်းအတွက် ကျပ်သိန်း နှစ်ရာ(၂၀၀)တန်တို့ ဆောက်လုပ်နေပါတယ်”ဟု အဖွဲ့၏ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုခိုင်မိုးထွန်းက နိရဥ္စရာသို့ ပြောသည်။

မေတ္တာမျှဝေလူငယ်များ လူမှုရေးအဖွဲ့ကို ဖွဲ့စည်းပုံရေးဆွဲကာ အသင်းမှတ်ပုံတင်ပြီး လူမှုရေးလုပ်ငန်း များ ဆက်လက်လုပ်ဆောင်သွားကြရန် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အကြံပေးတိုက်တွန်းသွားခဲ့ကြောင်း သိရသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...