ပြည်နယ်အစိုးရမှ ထုတ်ပေးထားသော ကားများကို ၃ နှစ်မပြည့်မီ လက်လွှဲရောင်းချမှုများရှိပါက အရေးယူမည်ဟုဆို

ပြည်နယ်အစိုးရမှ ထုတ်ပေးထားသော ကားများကို ၃ နှစ်မပြည့်မီ လက်လွှဲရောင်းချမှုများရှိပါက အရေးယူမည်ဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သုံးဘီးဆိုင်ကယ်များနေရာတွင် အစားထိုးထုတ်ပေးထားသော ဟိုက်ဂျက် နှင့် ဆူဇူကီးကားများကို သတ်မှတ်ထားသည့် ကာလဖြစ်သော ၃ နှစ်မပြည့်မီ ပိုင်ရှင်များက လက်လွှဲရောင်းချမှုများရှိပါက အရေးယူသွားမည်ဟု သတိပေးထားကြောင်း သိရသည်။

ကားသမားများကို စက်တင်ဘာလ ၂၀ ရက်နေ့၌ သမဝါယမဌာနမှ ပြည်နယ်ဒုဦးစီးမှူးက ခေါ်ယူ တွေ့ဆုံပြီး ၎င်းသတိပေးမှုကို ပြုလုပ်ခဲ့ သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၃ ဘီးဆိုင်ကယ်မောင်းသူ ၁၀၀ ကျော်ကို ဟိုက်ဂျက်နှင့် ဆူဇူကီးကား များကို အရစ်ကျ ပေးချေစနစ်ဖြင့် လဲပေးခဲ့ပြီး ဟိုက်ဂျက်တစ်စီးကို ၆၈ သိန်းကျပ်၊ ဆူဇူကီးတစ်စီးကို ၆၆ သိန်းကျပ် သတ်မှတ်ကာ လစဉ်အရစ်ကျ ပေးချေစနစ်ဖြင့် ရောင်းချပေးခဲ့သည်ဟု သိရသည်။

ဟိုက်ဂျက်ဝယ်သူများအတွက် တစ်လကို ၁၈၇၃၃၇ ကျပ်နှုန်းဖြင့် ၃၆ လ ပေးသွင်းရမည်ဖြစ်ပြီး၊ ဆူဇူကီး ဝယ်သူများအတွက် တစ်လလျှင် ၁၈၂၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းရမည်ဖြစ်ကာ ၃၆ လအတွင်း ငွေအကျေပေးချေရမည်ဟု သတ်မှတ်ထားသည်။ အဆိုပါသတ်မှတ်ကာလ မပြည့်မီ လက်လွှဲရောင်းချခြင်းမပြုရဟု စည်းကမ်းချက် သတ်မှတ်ထားသည်ဟု ပြည်နယ်သမဝါယမ ဦးစီးနာမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

သို့သော် အချို့ကားသမားများသည် လစဉ်ပေးသွင်းရန် မတတ်နိုင်သဖြင့် လက်လွှဲရောင်းချမှုများ ဖြစ်ပေါ်နေ၍ ယင်းကဲ့သို့ ခေါ်ယူသတိပေးမှု လုပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

အကယ်၍ ကားသမားများအနေဖြင့် အဆိုပါ စည်းကမ်းချက်ကို ချိုးဖေါက်ပါက ပြစ်မှု ဥပဒေနှင့် သမဝါယမ ဥပဒေတို့ဖြင့် အရေးယူမည်ဟု သတိပေးမှုများရှိခဲ့သည်ဟု သိရသည်။

စစ်တွေမြို့ပေါ်တွင် သုံးဘီးဆိုင်ကယ်ကို ဟိုက်ဂျက်နှင့် ဆူဇူကီးကားဖြင့် လဲလှယ်ပြီး အသုံးပြုနေသူ ၁၂၇ ဦးရှိနေပြီး အဆိုပါကားသမားများကို သမဝါယမဦးစီးဌာန လက်အောက်တွင် အသင်းအဖွဲ့တစ်ခု အဖြစ် ဖွဲ့စည်းပေးထားပြီး အဆိုပါကားသမားများက ကားတန်ဖိုးအတွက် ဘဏ်သို့ လစဉ် ငွေပေးသွင်းနေရသည်ဟု သိရှိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...