မြောက်ဦးတွင် တောရပ်ဆောက်တည်နေသော ဆရာတော် တစ်ပါး ဓားဒဏ်ရာဖြင့် သေဆုံး

မြောက်ဦးတွင် တောရပ်ဆောက်တည်နေသော ဆရာတော် တစ်ပါး ဓားဒဏ်ရာဖြင့် သေဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် တောရပ် ဆောက်တည်နေသော ဆရာတော် တစ်ပါး၏ လည်ပင်း တွင် ဓားဒဏ်ရာဖြင့် သေဆုံးနေ သည်ကို စက်တင်ဘာလ ၂၀ ရက်နေ့က တွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။

narinjara 23သေဆုံးနေသည့် ဆရာတော်မှာ မြောက်ဦးမြို့၊ ဝသဲရပ်ကွက်ရှိ တက္ကသီလဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးခန္ဓီစာရဖြစ်ကြောင်း မြောက်ဦးရဲစခန်းမှူးက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

“ဟုတ်ပါတယ်။ လည်ပင်းမှာ ဓါးဒဏ်ရာနဲ့ သေနေတာကို တွေ့ရပါတယ်။ ဘေးနားမှာ လက်ကိုင်ဖုန်း တစ်လုံး၊ ဓါးတစ်ချောင်းကို တွေ့ရပါတယ်။  ဆေးရုံက ဆေးစစ်ချက်ကိုတော့ တောင်းထားပါတယ်။ အတိအကျတော့ ပြောဖို့ ခက်ပါတယ်။ စုံစမ်းနေဆဲပါ”ဟု စခန်းမှူးက ပြောဆိုသည်။

ဆရာတော်မှာ တောရပ်ဆောက်တည်နေသော ရဟန်းတစ်ပါး ဖြစ်ပြီး ရန်ငြိုးရန်စလည်း မရှိကြောင်း အစ်ကို ဖြစ်သူက ပြောဆိုသည်ဟု စခန်းမှူးက ဆက်လက်ပြောဆိုသည်။

“အစ်ကို ဖြစ်သူပြောပြတာက ဆရာတော်က ပုံမှန်ဆွမ်းခံနေကျပါ။ စက်တင်ဘာလ ၂၀ ရက်နေ့က  ဥပုသ်နေ့လည်း ဖြစ်တယ်။ ဆွမ်းခံမကြွတာလို့ အစ်ကို ဖြစ်သူက သွားကြည့်တော့ ဘုန်းကြီးကျောင်းမှာ သွေးအိုင်ထဲ လဲပြီး သေနေတာကို တွေ့တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ သွားရောက်စစ်ဆေး တော့ လည်ပင်းမှာ ဓားဒဏ်ရာနဲ့ ပျံလွန်တော်မူနေတာကိုတွေ့ရတယ်”ဟု စခန်းမှူးက ပြောဆိုသည်။

၎င်းအပြင် စခန်းမှူးက “ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကောလဟလတွေတော့ ပျံ့နေပါတယ်။ ဒါပေမယ့် စစ်ဆေးနေတုန်းဖြစ်တဲ့အတွက် တစ်ပါးသူက သတ်တာလား။ ကိုယ်ကိုကိုယ်များ လုပ်ကြံသလား ဆိုတာကတော့ တိတိကျကျ မသိရသေးပါဘူး”ဟု စခန်းမှူးက ဆိုသည်။

ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး လူအများအကြား စိုးရိမ်မှုများ တိုးပွားနေကြပြီး အမြန်ဆုံး သက်ဆိုင်ရာမှ စစ်ဆေး ဖော်ထုတ်ရန် ကို မြောက်ဦး ဒေသခံများက လိုလားနေကြသည်ဟု သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...