တိုင်းရင်းဘာသာစကားဖြင့် ရွေးကောက်ပွဲ အသိပညာပေးရာတွင် IDEA မှ ရခိုင်ဘာသာစကားကို ဖယ်ထုတ်ထား၍ ရခိုင်မီဒီယာများမှ ဝေဖန်

တိုင်းရင်းဘာသာစကားဖြင့် ရွေးကောက်ပွဲ အသိပညာပေးရာတွင် IDEA မှ ရခိုင်ဘာသာစကားကို ဖယ်ထုတ်ထား၍ ရခိုင်မီဒီယာများမှ ဝေဖန်
by -
နိရဥ္စရာ
International IDEA မှ တိုင်းရင်းဘာသာစကားဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး စာစောင်နှင့် CD များဖြန့်ဝေရာတွင် ရခိုင်ဘာသာစကားကို ဖယ်ထုတ်ထား၍ ရခိုင်မီဒီယာများက ဝေဖန်လိုက်သည်။

ယခုလ ၁၁ ရက် နေ့လယ် ၂  နာရီအချိန်တွင်  IDEA မှ ရွေးကောက်ပွဲဆ်ိုင်ရာအသိပညာ ဆွေးနွေးမှု တစ်ခုကို တိုင်းရင်းသား မီဒီယာများကို ဖိတ်ကြားပြီး ၎င်းတို့၏ ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နှစ်မျိုး မွန်၊ ကယား တိုင်းရင်းဘာသာစကားဖြင့် ရွေးကောက်ပွဲ အသိပညာပေးစာစောင်နှင့် CDများဖြန့်ဝေမည် ဖြစ်ကြောင်း International IDEA မှ ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်သူ Ms Carine jaquet က ပြောကြားခဲ့သည်။ သို့သော် ရခိုင်ဘာသာစကားကို ယင်းအစီအစဉ်မှ ချန်လှပ်ထားခြင်းဖြစ်သည်။

ယင်းရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး CDခွေတွင် တခြား တိုင်းရင်းဘာသာ(၇) မျိုးကို ထည့်သွင်းထားသော်လည်း ရခိုင်ဘာသားစကားကို မည်သည့် အတွက်ကြောင့် ထည့်သွင်းခြင်း မရှိရပါသလဲဟု နိရဥ္စရာသတင်းဌာနမှ သတင်းထောက် ဝဏ္ဍခွာညိုက မေးမြန်းရာ ရခိုင်ဘာသာစကားနှင့် ဗမာစကားမှာ တူညီနေသဖြင့် ဖော်ပြထားခြင်းမရှိကြောင်း ” Senior Technical Adviser Ms Carine jaquet က ပြောဆိုခဲ့သည်။

၎င်းအပြင် IDEA မှ စီမံခန့်ခွဲသူတစ်ဦးဖြစ်သူ ကိုဇော်ထက်အောင်ကလည်း ဗမာစကားနှင့်  ရခိုင်စကားမှာ တူနေသောကြောင့်  ယခုလို တိုင်ရင်းသား ဘာသာစကားများတွင် ရခိုင်ဘာသာ စကားကို သီးသန့် ထည့်သွင်းထားခြင်း မရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ရခိုင့်အသံ အယ်ဒီတာချုပ် ဒေါ်မြတ်နိုးသာမှ ရခိုင်စကားနှင် ဗမာစကားမှာ လုံးဝ မတူကြောင်း၊ ရခိုင်စကားနှင့် ဗမာစကားသာတူညီခဲ့လျင် ရခိုင်စကားဖြင့်  ဂျာနယ်များ၊ စာအုပ်များ၊ သမိုင်းစာအုပ်များ ထုတ်ဝေစရာအကြောင်း မရှိကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။

၎င်းအပြင် သူမက ယခုကဲ့သို့တိုင်းရင်းဘာသာစကားများထဲတွင် ရခိုင်ဘာသာ စကားဖြင့် မထည့်သွင်းဘဲ ဖယ်ထုတ်ထားခြင်းမှာ လူအခွင့်အရေးအရ ချိုးဖောက်ရာရောက်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။

နိရဥ္စရာသတင်းဌာနမှ  ဝဏ္ဍခွာညိုကလည်း IDEA မှ  Ms Carine jaquet ကို ရခိုင်စကားဖြင့် ရွေကောက်ပွဲဆိုင်ရာ ရှင်းလင်း အသိပညာပေးရာတွင် စာစောင်များ၊ CD များကို ရခိုင်ဘာသာ စကားဖြင့် ထည့်သွင်းသင့်ကြောင်း  ထပ်မံအကြံပြုခဲ့သည်ဟု သိရသည်။

IDEA မှ Senior Technical Advisor  ဖြစ်သူ Ms Carine jaquet  က နောက်ပိုင်းတွင် ရခိုင်ဘာသာ စကားကို ထည့်သွင်းဖော်ပြမည်ဖြစ်ကြောင်း၊ သို့သော်လည်း နည်းနည်းအချိန်ယူ ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

၎င်းအခမ်းအနားသို့ နိရဥ္စရာသတင်းဌာနမှ  အကြီးတန်း သတင်းထောက် ဝဏ္ဍခွာညို၊ ကောင်းမြတ်နိုင် (မောင်တော)နှင့် ရခိုင့်အသံအယ်ဒီတာချုပ် ဒေါ်မြတ်နိုးသာတို့ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...