ရန်ကုန်မြို့ ဦးဥတ္တမပန်းခြံတွင် ကျင်းပမည့် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား လုံခြံုရေး တင်းကျပ်သွားမည်

ရန်ကုန်မြို့ ဦးဥတ္တမပန်းခြံတွင် ကျင်းပမည့် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား လုံခြံုရေး တင်းကျပ်သွားမည်
by -
နိရဥ္စရာ
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံတောင်ဖက်မုခ် အနီးတွင် တည်ရှိသော ဦးဥတ္တမပန်းခြံတွင် ကျင်းပမည့် (၇၆) ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကို ယခင်နှစ်နှင့် မတူဘဲ လုံခြုံရေးကို တင်းကြပ်စွာ ချသွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းရေးရာဝန် ဦးဇော်အေးမောင်မှ ပြောကြားသည်။

စက်တင်ဘာ ၅နေ့က ပြုလုပ်ခဲ့သော ဆရာတော်ဦးဥတ္တမ ဖြစ်မြောက်ရေးညှိနှိုင်း အစည်းအဝေး အပြီး၌ နိရဥ္စရာသတင်းဌာန၏ သီးသန် ့မေးမြန်မှုတွင် ဦးဇော်အေးမောင်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို ့ဒီပွဲက ရန်ကုန်မှာရှိတဲ့ ရခိုင်တိုင်းရင်း သားတွေလာမယ်။ နောက်ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိလူတွေလည်း အားလုံးလာမယ်လေ။ လာမယ်ဆိုတော့ လုံခြံုရေး ပတ်သက်ပြီးတော့ အစိုးရပိုင်းကလည်း လုပ်ဆောင်ပေးမယ်။ ကျွန်တော်တို့ ရခိုင်တိုင်းရင်သား ဖြစ်မြောက်ရေး ကော်မတီမှလည်း လုံခြုံရေးအဖွဲ့ ဖွဲ့ထားတယ်။ နောက်ပြီး တခြားအပြင် လုံခြုံရေး ကော်မတီတွေကို ဌားပြီးတော့ လုံခြုံရေးချပေးထားမယ်။ နောက်ပြီး GE တပ်ကိုလည်း အကူအညီ တောင်းပြီးတော့ မိုင်းတွေ ဘာတွေရှာမယ်။ နောက်ပြီးအဝင်ဝမှာ လာသမျှလူ၊ ပစ္စည်းတွေကိုလည်း Search လုပ်မယ်။ ဖြစ်နိုင်ရင် မသင်္ကာစရာလူတွေဆို ရင် ပေးဝင်မှာ မဟုတ်ဘူး”ဟု ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ယခင်နှစ် ဦးဥတ္တမပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်း MCC ခန်းမတွင် ကျင်းပခြင်းနှင့်မတူဘဲ ထူးထူးခြားခြား လုပ်ဆောင်သွားမည်ဖြစ်ပြီး အစိုးရအဖွဲ ့အစည်းများ၊ နိုင်ငံတကာ သံအမတ်များ၊ ပြည်တွင်းအဖွဲ့ အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ အသိပညာ၊ တက်ပညာရှင်များအား ဖိတ်ကြားထားကြောင်း ၎င်းက ဆက်ပြောသည်။

ရန်ကုန် ဆရာတော်ဦးဥတ္တမပွဲ ဖြစ်မြောက်ရေး တာဝန်ခံ ဘဏ္ဍာရေးနှင့် လုံခြုံရေးကို တာဝန်ကို ယူထားသည့် ကိုရွှေဝင်းမှလည်း နိရဥ္စရာသတင်းဌာနသို့ ယခုလို ပြောကြားခဲ့သည်။

“ပွဲတစ်ပွဲ လုပ်ရင် လုံခြံုရေးလည်း အရေးကြီးသလို ဘဏ္ဍာရေးပိုင်းကလည်းအရမ်း အရေးကြီးတာပေါ့ လေ။ ဘဏ္ဍာငွေရတဲ့အပေါ်မှာ မှုတည်ပြီး လုပ်ဆောင်ရတဲ့အပိုင်း တွေရှိတာပေါ့လေ။ ရလာတဲ့ ငွေတွေကို ကော်မတီထံသို့ တင်ပြရတယ်။ ပြီးမှ ကျွန်တော်ဘက်က စနစ်တကျ စီမံခန့်ခွဲပြီးတော့ လုပ်ဆောင်ရွက်ရတာပေါ့။ လုံခြုံရေး အပိုင်းကတော့ ကျွန်တော်တို ့အဖွဲ ့အင်အား ၅၀ လောက် စီစဉ်ထားတယ်။ နောက်ပြီး မြောက်ဥက္ကလာပအဖွဲ ့ကိုလည်းအကူအညီ တောင်းထားတယ်။ နောက်ပြီး သီသန့် မိုင်းရှာဖွေရေး အဖွဲ့တွေ၊ ပုဂ္ဂလိက အဖွဲ့တွေကို ဝန်ကြီးကနေတဆင့် အကူအညီ တောင်းထားတာရှိတယ်”ဟု ကိုရွှေဝင်းက ပြောသည်။

အာရှနေဝန်း၊ မြန်မာ့လွတ်လပ်ရေးမီး ရှူးတန်ဆောင် အသျှင်ဦးဥတ္တမ ရ၆ ကြိမ်မြောက် ဂုဏ်ပြုပွဲ အခမ်းအနားကို လာမည့် စက်တင်ဘာလ ၉ ရက်နေ့၊ နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီအထိ ရန်ကုန်မြို့၊ ရွှေတိဂုံစေတိ တောင်ဖက်မုခ် ဦးဥတ္တမ ပန်းခြံတွင် ကျင်းပသွားဖြစ်ကြောင်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...