ရခိုင်ရေဘေးသင့်တောင်သူများအား ပြည်နယ်စိုက်ပျိုးရေးဌာနမှ ထောက်ပံ့ငွေ ပေးအပ်

ရခိုင်ရေဘေးသင့်တောင်သူများအား ပြည်နယ်စိုက်ပျိုးရေးဌာနမှ ထောက်ပံ့ငွေ ပေးအပ်
by -
နိရဥ္စရာ
ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသော ရခိုင်ပြည်နယ်မှ စပါးစိုက်ခင်းများအတွက် အစိုးရမှ ထောက်ပံ့ငွေများ စတင်ပေးအပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မောင်တောခရိုင်နှင့် ကျောက်ဖြူခရိုင်တို့မှ လယ်သမား များအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းကို စက်တင်ဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရ ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် ယာယီ ဝန်ကြီးချုပ် ဦးမြအောင်က “ရခိုင်ပြည်နယ်မှာ စပါးစိုက်ဧက ၂ ဒသမ ၉ သိန်းကျော် ရေလွှမ်းမိုး ခံခဲ့ရပြီးတော့ အဲဒီအထဲက  စိုက်ဧက ၂ ဒသမ ၁ သိန်းကျော် ပျက်စီးခဲ့ရပါ တယ်။ အစိုးရဆီက ထောက်ပံ့ကြေး မထုတ်ပေးခင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ မျိုးစပါးရှာပြီး စိုက်ပျိုးခဲ့တဲ့ လယ်သမားတွေအတွက် ထောက်ပံ့ကြေးတွေ ပေးအပ်တာ ဖြစ်ပါတယ်”ဟု ပြောသည်။

ယခု ထောက်ပံ့ကြေးများကို သံတွဲခရိုင်ရှိ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်တွေရှိ လယ်သမားတွေမှအပ ကျန်ခရိုင်အတွင်းမှာရှိသော  လယ်သမားများကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမြအောင်က ဆိုသည်။

ရခိုင်ပြည်နယ် စိုက်ပျိုးရေးဌာနမှ လယ်သမားများကို ပျက်စီးသွားသော တစ်ဧကလျှင် မျိုးစပါး တစ်တင်းနှုန်း၊ ကျပ်ငွေဖြင့် ဆိုလျှင် ရ၀၀၀ ကျပ်စီ ထောက်ပံ့ကြေးပေးအပ်ခဲ့သည်။

ထောက်ပ့ံကြေးငွေများကို သက်ဆိုင်ရာမြို့နယ်မှ အုပ်ချုပ်ရေးမှူးထံသို့ ထုတ်ပေးခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးမှတဆင့် ကျေးရွာ အလိုက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုအဖွဲ့သို့ ပေးအပ်ကာ ယင်းမှတဆင့် လယ်သမားများထံသို့ ပေးအပ်သွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ရေလွှမ်း၍ စပါးစိုက်စိုက်ဧက ၂ ဒသမ ၁ သိန်းကျော်ပျက်စီးခဲ့ရာတွင် အစိုးရထံမှ မျိုးစပါးကို ဧက ၄၀၀၀၀ အတွက်သာ ထုတ်ပေးနိုင်ခဲ့သဖြင့် ရခိုင်ပြည်နယ် စိုက်ပျိုးရေးဌာနမှ ကျန်စပါးစိုက်ဧက ၁ ဒသမ ရ သိန်းကျော်အတွက် ကျပ်ငွေ ၁ ဒသမ ၂ ဘီလီယံ ထုတ်ပေးခဲ့သည်ဟု သိရသည်။

သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်များရှိ လယ်သမားများအတွက် ထောက်ပံ့ကြေး မထုတ်ပေးရခြင်းမှာ အဆိုပါ မြို့နယ်များ၌ ရေလွှမ်းမိုးစဉ် စပါးစိုက်ပျိုးမှု မရှိသေး၍ဟု အစိုးရ တာဝန်ရှိသူများက ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြန်လည်စိုက်ပျိုးနိုင်မှု မှာ ၉၉ ဒသမ ၃၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...