ကျောက်ဖြူ နဒီသောင်ယံပန်းခြံအား ဦးဥတ္တမပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်မည်

ကျောက်ဖြူ နဒီသောင်ယံပန်းခြံအား ဦးဥတ္တမပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်မည်
by -
နိရဥ္စရာ
ကျောက်ဖြူတွင် နဒီသောင်ယံပန်းခြံအား မူရင်းအမည်ဖြစ်သည့် ဦးဥတ္တမပန်းခြံဟု ပြောင်းလဲ သတ်မှတ်သွားတော့မည် ဖြစ်သည်။ စက်တင်ဘာ ၄ ရက်နေ့၊ နေ့လည်(၂)နာရီက ကျောက်ဖြူမြို့ သာသနာ့ဗိမာန်တွင် ဆရာတော် ၂၅ ပါး အပါအဝင် မြို့ခံ ၁၀၀ ခန့် တက်ရောက်ခဲ့သော အစည်းအဝေးတွင် ထိုသို့ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

“အရင်တုန်းက ဒီပန်းခြံဟာ ဦးဥတ္တမပန်းခြံ ဖြစ်တယ်။ နဝတ အစိုးရတက်လာတဲ့ နောက်ပိုင်းမှာ နဒီ သောင်ယံပန်း ခြံနာမည်ကို ပြောင်းလဲပစ်ခဲ့တယ်။ အခု ဆရာတော် ဦးဥတ္တမပန်းခြံအဖြစ် ပြောင်းလဲဖို့ မြို့လူထုကလည်း သဘောတူတယ်။ မြို့နယ် စည်ပင်ကလည်း သဘောတူထားပြီး ဖြစ်တယ်။ မနက်ဖြန်(စက်တင်ဘာ ၆ရက်)က စပြီး ဆိုင်းဘုတ်ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ကျောက်ဖြူမြို့မှ ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ကိုအောင်စောသိန်းက ပြောသည်။

၎င်းပန်းခြံတွင် ဂါရဝပြုနိုင်ရန် ဂုဏ်ပြုထားရှိမည့် ဆရာတော်ဦးဥတ္တမ ရုပ်ထုတစ်ခုကိုလည်း ဦးတင်အောင်စိုးနှင့်ဇနီး ဒေါ်ခင်မေစိုး မိသားစု (မေဖုန်းမိုရ်ဟိုတယ်)မှ လှူဒါန်းသွားမည်ဟု သိရသည်။

“စက်တင်ဘာ ၉ ရက်နေ့၊ ဦးဥတ္တမနေ့မှာ ဦးဥတ္တမပန်းခြံဖွင့်ပွဲကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီနေ့ မှာပဲ ဆရာတော် ဦးဥတ္တမရုပ်ထု ပြုလုပ်မယ့် နေရာသတ်မှတ်ခြင်းနှင့် ပနက်ရိုက်ခြင်းကို ပြုလုပ်သွားပါမယ်”ဟု သူက ဆက်ပြောသည်။

၁၉၈၈ခုနှစ်နောက်ပိုင်း အဆိုပါ ပန်းခြံကို မုန်းတိုင်း တိုက်ခံရပြီး ဆိုင်းဘုတ်ပြိုလဲသွားပြီးနောက် ကျောက်ဖြူရှိ အာဏာပိုင်များက ၎င်းတို့သဘောဖြင့် နဒီသောင်ယံ ပန်းခြံဟု နာမည်ပေးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...