စိုက်ပျိုးရန် လယ်မရှိတော့၍ မျိုးစပါး အခမဲ့ဖြန့်ဖြူးသော်လည်း ရွာသားများလက်မခံ

စိုက်ပျိုးရန် လယ်မရှိတော့၍ မျိုးစပါး အခမဲ့ဖြန့်ဖြူးသော်လည်း ရွာသားများလက်မခံ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်မှ ရေကြီးခဲ့သော နေရာအချို့တွင် စပါးစိုက်ပျိုးနေသောလယ်မြေများအပေါ် ရခိုင်အခေါ် ကြွမ်းဆို၊ (မြန်မာအခေါ် ဒိုက်သရောများ၊ အမှိုက်သရိုက်ဆိုးများ) ဖုံးလွှမ်းသွားသဖြင့် စပါးစိုက်ပျိုးရန် လယ်မြေမရှိတော့၍ မျိုးစပါးများကို အခမဲ့ဖြန့်ဖြူးသော်လည်း လက်မခံကြတော့ဟု ဆိုသည်။

“ကျွန်တော်တို့ မြောက်ဦးမြို့နယ်က သကြားဆိုတဲ့ ရွာကို ရောက်ပါတယ်။ လယ်ဧက အတော်တော် များများကို အမှိုက်သရိုက် ကြွမ်းဆိုးတွေ ဖုံးနေတာကို တွေ့ရတယ်။ မျက်စိ တစ်ဆုံးပါဘဲ။ ဒီလို ဖြစ်နေတော့ မျိုးစပါး ဖြန့်ဖြူးတော့လည်း ရွာသားတွေက လက်မခံကြတော့ပါဘူး”ဟု ကိုယ်တိုင် မျိုးစပါး ဖြန့်ဝေရန် သွားရောက်ခဲ့သည့် ရခိုင်မျိုးစောင့်အုပ်စုမှ ကိုခိုင်ထူးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဇူလိူင်လ ၂၉၊ ၃၀၊ ၃၁ ရက်နှင့် သြဂုတ်လ ၁ ၊ ၂ ရက်နေ့များတွင် ရေကြီးစဉ် လေးမြို့မြစ်အထက်ပိုင်း သစ်ပင်များ၊ ထင်းတုန်းများ၊ အမှိုက်သရိုက်များ၊ ဒိုက်သရောများ ရေစီးနှင့် အတူ မျောပါလာပြီး လယ်ကွင်း အတော်အတော်များများကို ဖုံးလွှမ်းသွားခဲ့သဖြင့် စိုက်ပျိုးမြေဧက ရာနှင့် ချီ၍ ပျက်စီးသွားခဲ့သည်။

“သူတို့အနေနဲ့ ဒီအမှိုက်သရိုက်တွေကို ဖယ်ရှားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ တင်ကျခဲ့တဲ့ ဒိုက်သရော တွေက နည်းနည်းနှောနှော မဟုတ်ဘူး။ စက်ကရိယာတွေအားနဲ့သာ ဖယ်ရှားရမယ်ထင်ပါတယ်။ အစိုးရ အကူအညီမပါရင် ဘယ်လိုမှဒေသခံတွေ အနေနဲ့ တတ်နိုင်မှာ မဟုတ်ဘူး”ဟု သူက ဆိုသည်။

အများစု လယ်သမားများမှာ ရေဘေးကယ်ဆယ်ရေး အဖွဲ့များ၏ အထောက်အပံ့များကြောင့် စာရေး သောက်ရေးကို တစ်ရက်စာ၊ တပတ်စာ အတွက် ပူပင်စရာ မရှိသော်လည်း ရေရှည်အတွက်မှု မျှော်လင့်ချက်မဲ့နေကြသည်ဟု သိရသည်။

မြောက်ဦးဒေသခံ ကျောင်းဆရာတစ်ဦးကမူ ယခု ရေဘေးပြီးနောက် စားဝတ်နေရေး အကြပ်အတည်း ကြောင့် မိမိဒေသကို စွန့်ခွာပြီး ထိုင်း၊ မလေးရှား၊ တရုတ်နယ်စပ်များသို့ ရခိုင်မိသားစုများ ဘယ်အတိုင်းအတာထိ ထွက်ခွာသွားကြမည်ကို သူ့အနေနှင့် မခန့်မှန်းနိုင်ဟု ပြောဆိုသည်။

၂၀၁၀ ဂီရိမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းကလည်း  ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် မဆောက်ရွက်ခဲ့သဖြင့် လေဘေးသင့် ဒေသမှ မိသားစု အများအပြားမှာ ကချင်၊ တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်များသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားခဲ့ကြသည်ဟု သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...