ဘူးသီးတောင်မြို့နယ်တွင် စက်လှေ အငှားလိုက်သူ တစ်ဦးအသတ်ခံရ

ဘူးသီးတောင်မြို့နယ်တွင် စက်လှေ အငှားလိုက်သူ တစ်ဦးအသတ်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီတောင်မြို့နယ် နွားရုံတောင်ကျေးရွာမှ စက်လှေအဌားလိုက်သူတစ်ဦး အသတ်ခံရပြီး ၎င်းအသတ်ခံရသူမှာ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာကြီး အနီးရှိ နွားရုံတောင်ရွာမှ ဦးမောင်ကျော်သိုင်း (၅၆) နှစ် ဖြစ်ကြောင်း သိရသည်။

ဩဂုတ် ၂၀ ရက်နေ့၊ နေ့လယ်ပိုင်းက ဦးမောင်ကျော်သိုင်းနေထိုင်ရာ နွားရုံတောင်ကျေးရွာသို့ ဖုံညိုလိပ်ရွာမှ ရော်ဖီးဆိုသူနှင့် တခြား ဘင်္ဂလီ ၂ ဦးတို့ ရောက်ရှိလာပြီး စက်လှေကို သွားခဲ့သည်ဟု ဦးမောင်ကျော်သိုင်း မိသားစုက ပြောသည်။

ယင်းနောက်ပိုင်းတွင် ဦးကျော်သိုင်းမှာ စက်လှေနှင့် အတူ ပျောက်ဆုံးသွားသည်ဟု သိရသည်။

“အဲဒီနေ့ကကျွန်တော်တို့အဖွဲ့မှ မိသားစုတွေကို မေးကြည့်တော့  ဘင်္ဂလီ သုံးယောက်ကနေ စက်လှေ ငှားသွားတယ်လို့ပြော တယ်။ စေတီတောင်ဘက်နဲ့  ကန်တောင်ဘက်သို့သွားတယ်လို့ပြောတယ်”ဟု ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကူညီဆောင်နေသူ ဘူးသီတောင်မြို့နယ် ANP ပါတီအတွင်းရေးမှူး ဦးအောင်သောင်းရွှေက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဦးကျော်သိုင်းပိုင် စက်လှေကို စေတီတောင်ကျေးရွာတွင် ရှာဖွေတွေ့ရှိခဲ့ပြီး လူကို ရှာမတွေ့သဖြင့် ထပ်မံရှာဖွေရာ ဩဂုတ် ၂၄ ရက်နေ့တွင် ဝတ်မီးကျကျေးရွာအနား (ကုလားရွာ)အနီး ချောင်းထဲတွင် ခန္ဓာကိုယ် ပုတ်ပွနေသော ဦးကျော်သိုင်း အလောင်းကို တွေ့ရှိခဲ့သည် သူက ပြောဆိုသည်။

“တစ်ရက်နှစ်ရက်ကြာသွားတော့ မိသားစုတွေက ပြန်ရောက်မလာလို့ဆိုပြီး လိုက်သွားရှာကြည့်တဲ့ အခါမှာ စေတီတောင်ဘက်မှာ စက်လှေကို ချည်ပြီးတွေ့တယ်။ ဝတ်မကျ(ကုလားရွာ) ဘက်က ချောင်းထဲမှာ အလောင်းကို ပုတ်ပွပြီး တွေ့တယ်လို့ မိသားစုတွေက ပြောပါတယ်”ဟု ဆိုသည်။

ယင်းသေဆုံးမှုမှာ ဘူသီးတောင်မြို့ နယ်ခြားစောင့်တပ် လက်အောက်ခံ နယ်မြေတွင် ဖြစ်ပွားသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမှုကို မကိုင်ဘဲ နယ်ခြားစောင့်တပ်ကသာ အမှုကို ကိုင်တွယ်သည်ဟု သိရသည်။ သို့သော်လည်း ယခုအချိန်ထိ အမှုတွင် ပါဝင်ပတ်နေသူ ဘင်္ဂလီသုံးဦးအား နယ်ခြားစောင့်တပ်က အမှုဖွင့်အရေးယူခြင်း မရှိသေးကြောင်း ဦးအောင်သောင်းရွေက ဆက်လက် ပြောကြားသည်။

“သေချာတာကတော့သူတို့ ဦးကျော်သိုင်း သက်ပစ်ခဲ့တာဖြစ်မှာပဲ။ အခုအချိန်ထိ တရားခံသုံးယောက်
ကို အမှု မဖွင့်သေးဘူးလို့ သိရတယ်။ ရဲကတော့ တရားခံတွေကို လိုက်ရှာတာ မတွေ့ရသေးဘူးလို့ ပြောတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်စေချင်ပါတယ်။ ရဲကတော့ လုပ်မလို့တော့ ပြောတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဦးမောင်ကျော်သိုင်း အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဘူးသီတောင်မြို့ ရဲစခန်းသို့ နိရဥ္စရာမှ ဆက်သွယ် မေးမြန်ခဲ့ရာ ယင်းအမှုအတွက် နယ်ခြားစောင့်မှ တာဝန်ယူဆောင်ရွက်နေကြောင်း တာဝန်ကျရဲမှူး တစ်ဦးက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့သို့ နိရဥ္စရာမှဆက် သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...