ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းများ မဲရုံအဖြစ်သုံးရန် ရွေးကောက်ပွဲအမှီ အောက်တိုဘာလ နောက်ဆုံးထားကာ အပြီးပြန်ပြင်မည်

ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းများ မဲရုံအဖြစ်သုံးရန် ရွေးကောက်ပွဲအမှီ အောက်တိုဘာလ နောက်ဆုံးထားကာ အပြီးပြန်ပြင်မည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ မဲရုံအဖြစ် အသုံးပြုမည့် စာသင်ကျောင်းအချို့ ရေကြီးရေလျှံမှုကြောင့် ပြိုပျက်၊ ပျက်စီးမှုများ ရှိခဲ့သော်လည်း အချိန်မီ ပြန်လည်ပြုပြင်ကာ အသုံးပြုသွားမည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

ပျက်စီးသွားသော စာသင်ကျောင်းများကို အသစ်ဆောက်လုပ်ပြီး၊ ပြုပြင်စရာရှိသည့် ကျောင်းများကို ပြုပြင်ပြီး ရွေးကောက်ပွဲ မကျင်းပမီ အချိန်မီ ဆောင်ရွက်သွားမည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးအောင်မြင့်က သြဂုတ်လ ၂၄ ရက်က ပြုလုပ်သည့် ခရိုင်ရွေးကောက်ပွဲကော်မရှင် များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (ရခိုင်ပြည်နယ်) တာဝန်ခံနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးအောင်ကျော်သာက "အဲဒီရေဘေးဒဏ် ကြောင့် ပျက်စီးသွားတာ ကို ရွေးကောက်ပွဲမှာ အချိန်မီပြီးနိုင်ပါ့မလား။ မပြီးလို့ရှိရင် ကျနော်တို့ ကိုယ့်ဟာကို ဆောက်ရမလား။ ဆောက်ရမယ်ဆိုရင် ဘယ်နှစ်ရုံဆောက်ရမယ်ဆိုတာ တွက်ချက် ပြီးတော့ တင်ပြလာပါတယ်။ အဲဒီတော့ မဲရုံတွေ ဆောက်ပေးဖို့ လိုပါတယ်။"ဟု ပြောသည်။

မဲရုံအဖြစ် အသုံးပြုမည့် စာသင်ကျောင်းအရေအတွက်ကို စိစစ်နေအချိန် ကာလဖြစ်သောကြောင့် အတိအကျ မပြောနိုင်သေးကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိတစ်ဦးဖြစ်သူ ဦးသူရိန်ထွဋ်က ပြောကြားသည်။

ရခိုင်ပြည်နယ် ပညာရေးမှူး ဦးလှစိန်ထွန်းက စာသင်ကျောင်းများကို ပြင်ဆင်ရာတွင် မဲရုံအဖြစ် အသုံးပြုမည့် စာသင်ကျောင်းကိုပဲ ဦးစားပေးရွေးပြင်မည် မဟုတ်ဘဲ ပျက်စီးသွားသော စာသင်များ အားလုံးကို တပြေးညီ ရွေးကောက်ပွဲအမှီ ပြင်ဆင်မည်ဟု ပြောသည်။ ပြင်ဆင်ရာတွင် ပြည်ထောင်စု အစိုးရ ပညာရေးဝန်ကြီးဌာနက ဘတ်ဂျတ်ကို အသုံးပြုမည်ဟု ၎င်းက ပြောသည်။

အသစ်ဆောင်လုပ်ရမည့် ကျောင်းနှင့် ပြုပြင်ရမည့်ကျောင်းများအတွက် ဘတ်ဂျတ်ကို ပညာရေး ဝန်ကြီးဌာနထံသို့ သန်းပေါင်း ၂၄၀၂.၄၇၂ ကျပ်ငွေကို တင်ပြတောင်းဆိုထားပြီး ယင်းငွေများမှာ လာမည့်အပတ်တွင် ပြန်ကျလာမည်ဖြစ်၍ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် အပြီးဆောက်လုပ်သွားနိုင်မည်ဟု ဦးလှစိန်ထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ရေကြီးခဲ့မှုကြောင့် အသစ်ဆောက်လုပ်ရမည့် စာသင်ကျောင်းမှာ ၈၂ ဆောင်ရှိပြီး၊ ပြန်လည်ပြုပြင်ရ မည့် ကျောင်းမှာ ၄၂၀ ရှိသည်။ ယင်းကြောင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့နှင့် ရသေ့တောင်မြို့တို့တွင် မဲရုံလုပ်မည့်နေရာ အခက်အခဲဖြစ်လျက်ရှိသည်ဟု သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...