လာမည့် ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ ရ၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်

လာမည့် ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ ရ၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်မှ နာမည်ကြီး ရခိုင်အမျိုးသားပါတီ ( ANP) သည် လာမည့် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ရ၆ နေရာမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

 ပြည်နယ် လွှတ်တော်တော်တွင် ရသေ့တောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးဦးသန်းနိုင်၊ အမှတ်(၂) မှ နယ်မြေမှ ဦးဖိုးမင်း။ ပုဏ္ဍားကျွန်းမြို့နယ်မှ ပြည်နယ်လွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးစံကျော်လှ၊ အမှတ်(၂) မှ ဦးအောင်သန်းတင် (လက်ရှိဝန်ကြီး)။ မြောက်ဦးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးထွန်းသာစိန်၊ အမှတ်(၂)နယ်မြေမှ ဦးကျော်ဝင်း။ ကျောက်တော်မြို့နယ်  အမှတ် (၁) မဲဆန္ဒ နယ်မြေမှ ဦးမောင်လှကျော်၊ အမှတ်(၂) နယ်မြေမှ ဦးမောင်သန်းစိန် (ခ) ဦးမောင်မောင်။ ပေါက်တောမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးသာထွန်းအောင်၊ အမှတ် (၂) နယ်မြေမှ ဦးအောင်ကျော်ထွီး။ မင်းပြားမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးလှသိန်းအောင်၊ အမှတ် (၂) နယ်မြေမှ ဦးလှအောင်ညွှန့်။ မြေပုံမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးအောင်ဝင်း၊ အမှတ် (၂) နယ်မြေမှ ဦးမြသန်း။ အမ်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဒေါ်ခင်လှရီ၊ အမှတ် (၂) နယ်မြေမှ ဦးခင်မောင်ဌေး။ ရမ်းဗြဲမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးကျော်လွင်၊ အမှတ် (၂) နယ်မြေမှ ဦးသန်းဦးမောင်။ မာန်အောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးစံလင်းအောင်၊ အမှတ် (၂) နယ်မြေမှ ဒေါက်တာအေးမောင်၊ ကျောက်ဖြူမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးကျော်လွင်၊ အမှတ် (၂) နယ်မြေမှ ဦးဖိုးစံ။ စစ်တွေမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးအေးသိန်း၊ အမှတ် ၂ နယ်မြေမှ ( မရှိ)။ တောင်ကုတ်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးဖေကြွယ်၊ အမှတ်(၂) မှ ဦးခင်မောင်။ သံတွဲမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးမောင်မောင်ဖြူ၊ အမှတ် (၂) မဲဆန္ဒနယ်မှ ဦးထွန်းရွှေ။ ဘူးသီးတောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးခင်မောင်ရွှေ၊ အမှတ် (၂) မဲဆန္ဒနယ်မှ ဦးထွန်းအောင်သိန်း။ မောင်တောမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးခင်မောင်သန်း၊  အမှတ် (၂) မဲဆန္ဒနယ်မြေမှ ဦးမောင်အုန်း။ ချင်းပြည်နယ် ပလက်ဝ မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးစောလှ၊ အမှတ် (၂) နယ်မြေမှ ဦးစောငြိမ်း။ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်အေးမောင်။ ဧရာဝတီတိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးထွန်းမောင်၊  အမှတ် (၂)မှ ဦးခင်မောင်အေး။ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဦးလှမောင်၊ အမှတ် (၂) မဲဆန္ဒနယ်မြေမှ ဦးလှထွန်းအောင် တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြသည်။

(စစ်တွေမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေတွင် ပါတီမှ ထိပ်တန်းခေါင်းဆောင်နှစ်ဦးဖြစ်ကြသော ဦးကျော်ဇောဦးနှင့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်တို့ အကြား အငြင်းပွား နေသဖြင့် ပါတီမှ ဆုံးဖြတ်ချက်မချနိုင်ဘဲ ဖြစ်နေ၍ ယင်းနေရာကို ပလပ်ထားကြောင်း သိရပါသည်။

ပြည်သူ့လွှတ်တော်တွင် ရသေ့တောင်မြို့နယ်တွင် ဒေါ်ခင်စောဝေ၊ ပုဏ္ဍားကျွန်းမြို့နယ်တွင် ဦးထွန်းမောင်၊ မြောက်ဦးတွင် ဦးဦးလှစော၊ ကျောက်တော်တွင် ဦးထွန်းဝင်း၊ ပေါက်တောတွင် ဦးအောင်ကျော်ဇံ၊ မင်းပြားတွင် ဦးစစ်နိုင်၊ မြေပုံတွင် ဦးဖေသန်း၊ အမ်းမြို့နယ်တွင် ဦးကျော်သန်းလှိုင်၊ ရမ်းဗြဲတွင် ဦးကျော်ရွှေ၊ မာန်အောင်တွင် ဦးသန်းမောင်၊ ကျောက်ဖြူတွင် ဦးဘရှိန်၊ စစ်တွေတွင် ဦးမောင်သိန်းခိုင်၊ တောင်ကုတ်တွင် ဦးမျိုးဆွေ၊ သံတွဲတွင် ဦးမြင့်ဦး၊ ဂွတွင် ဦးထွန်းအောင်ကျော်၊ ဘူးသီးတောင်တွင် ဦးအောင်သောင်းရွှေ၊ မောင်တောတွင် ဦးလှထွန်းကျော်၊ ပလက်ဝတွင် ဦးဘစော၊ လိူင်သာယာတွင် ဦးသင်္ခါကျော်၊ ရွှေပြည်သာတွင်ဦးအေးကျော်တို့ ဖြစ်ကြသည်။

အမျိုးသား လွှတ်တော်တွင် ရသေ့တောင်နှင့် ပုဏ္ဍားကျွန်းအတွက် ဦးခင်မောင်လတ်၊ မြောက်ဦး မြို့နယ်အတွက် ဦးကျော်ကျော်၊ ကျောက်တော်အတွက် ဦးမြင့်နိုင်၊ ပေါက်တောအတွက် ဦးတက်ထွန်းအောင်၊ မင်းပြားနှင့် မြေပုံမြို့နယ် အတွက် ဦးအေးသာအောင်၊ အမ်းနှင့် ရမ်းဗြဲမြို့နယ် အတွက် ဒေါ်ထုမေ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့နယ် အတွက် ဦးကျော်သန်း၊ စစ်တွေမြို့နယ် အတွက် ဦးဝေစိန်အောင်၊ တောင်ကုတ်-သံတွဲနှင့် ဂွ သုံးမြို့နယ် အတွက် ဦးတင်ညှိ၊ ဘူးသီးတောင် အတွက် ဦးမောင်ကျော်ဇံ၊ မောင်တောအတွက် ဦးကျော်ကျော်ဝင်း (ခ) ဦးမောင်မဲ(ခ) ဦးမောင်မောင် မြင့်၊ ပလက်ဝ မြို့နယ် အတွက် ဦးစိန်ရွှေမောင်(၁၁) နှင့် ဦးတင်ထွန်း (၁၂)၊ လိူင်သာယာ အတွက် ဒေါ်ခင်လှမြိုင်တို့က ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...