ရခိုင်မျိုးချစ်ပါတီ APP မှ ရွေးကောက်ပွဲတွင် ၁၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်

ရခိုင်မျိုးချစ်ပါတီ APP မှ ရွေးကောက်ပွဲတွင် ၁၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်
by -
နိရဥ္စရာ
၂၀၁၅ နိုင်ဝင်ဘာလ  ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ  အထွေထွေရွေးကောက်ပွဲတွင် ရခိုင်မျိုးချစ်ပါတီ(APP)မှ ကိုယ်စားလှယ်လောင်း ၁၆ နေရာထိ ရခိုင်ပြည်နယ်အတွင်း  ဝင်ရောက်ယှဉ်ပြိုင်မည်သွားမည် ဖြစ်ကြောင်း ရခိုင်မျိုးချစ် ပါတီ (ပ) ခေါင်ဆောင် ကိုမောင်မောင်စောက နိရဥ္စရာသို့ ပြောသည်။

“ရခိုင်ပြည်နယ်အတွင်း ၁၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ပထမတုန်းကတော့ အနည်းဆုံး ၃ နေရာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်ထားပေမယ့် ဒေသခံပြည်သူ လူထုရဲ့တောင်းဆိုချက်အရ  နေရာတွေ များလာခဲ့ရတာပါ”ဟု ကိုမောင်မောင်စောက  ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း  ရခိုင်မျိုးချစ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ ၁။ ဒေါ်မြသန်းရွှေ –  ပြည်သူ့လွှတ်တော် (စစ်တွေ) ၂။ ဦးဘကျော် – အမျိုးသားလွှတ်တော် (စစ်တွေ)  ၃။ ဒေါက်တာ ကျော်နိုင် ပြည်နယ်လွှတ်တော်အမှတ်(၁) (စစ်တွေ)၊၄။ ဦးဇော်ဝင်းမောင်- ပြည်နယ် လွှတ်တော် အမှတ် (၂) (စစ်တွေ) ၅။ ဦးဦးရွှေစော ပြည်သူ့လွှတ်တော်(ပေါက်တော) ၆။ ဦးမောင်စံလှ အမျိုးသားလွှတ်တော် (ပေါက်တော) ရ။ ဦးမြတ်ထွန်း–ပြည်နယ်လွှတ်တော် အမှတ်(၁) (ပေါက်တော) ၈။ ဦးစောထွန်းဖြူ-ပြည်နယ်လွှတ်တော် အမှတ်(၂)(ပေါက်တော) ၉။ ဦးထွန်းလှကျော်- ပြည်သူ့ လွှတ်တော်(ကျောက်တော်) ၁၀။ ဦးဦးထွန်းမောင် – ပြည်နယ်လွှတ်တော်အမှတ်(၂) (ကျောက်တော်) ၁၁။ ဦးမောင်လှသိန်း-ပြည်သူ့ လွှတ်တော် (မြေပုံ)၊၁၂။ ဦးဦးကျော်သန်း- ပြည်နယ်လွှတ်တော် အမှတ်(၂) (မြေပုံ) ၁၃။ ဦးထွန်းရွှေ – ပြည်သူ့ လွှတ်တော် (မာန်အောင်) ၁၄။ ဦးသောင်းရွေ–ပြည်နယ်လွှတ်တော် အမှတ်(၁) (မာန်အောင်) ၁၅။ ဦးတင်လတ်- ပြည်နယ် လွှတ်တော်အမှတ်(၂) (မာန်အောင်)၊ ၁၆။ ဦးသာထွန်းအေး – အမျိုးသားလွှတ်တော် (မြောက်ဦး) တို့ဖြစ်ကြောင်း သိရသည်။

ရခိုင်မျိုးချစ်ပါတီ (APP)သည် ၂၀၁၅ ရောက်မှ မှတ်ပုံတင်သည့် ရခိုင်ပါတီ တစ်ခုဖြစ်ပြီး ပါတီသစ် ထူထောင်မှုသည် ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်သည်ဟုဆိုကာ ပါတီကို ကန့်ကွက်သူ အများအပြားရှိခဲ့သည်။ ယခုအခါ ပါတီဝင်အင်အားမှာ တဖြည်းဖြည်း များပြားလာရာမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်မှာလည်း နဂိုကထက် တိုးတက်များပြားလာခဲ့ သည်ဟု သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...