စစ်တွေတွင် ပြုလုပ်သော အလိုတော်ပြည့် ရေဘေးကယ်ဆယ်ရေးအဖွဲ့မှ ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ ရန်ကုန်မှ အနုပညာရှင်များတက်ရောက်

စစ်တွေတွင် ပြုလုပ်သော အလိုတော်ပြည့် ရေဘေးကယ်ဆယ်ရေးအဖွဲ့မှ ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ ရန်ကုန်မှ အနုပညာရှင်များတက်ရောက်
by -
နိရဥ္စရာ
သြဂုတ် ၁၇ ရက်နေ့က ပြုလုပ်သော စစ်တွေမြို့၊ ပြည်နယ်အစိုးရ ရုံးခန်းမတွင် ပြုလုပ်သော အလိုတော်ပြည့် ရေဘေးကယ်ဆယ်ရေး အဖွဲ့မှ ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ ရန်ကုန်မှ ရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော်အများအပြား တက်ရောက်ခဲ့သည်။

တက်ရောက်ခဲ့သော ရုပ်ရှင် သရုပ်ဆောင်နှင့် အဆိုတော်များမှာ မျိုးစန္ဒီကျော်၊ ခရစ်စတီနား၊ ရတနာ၊ ဧကရီမှူးပိုင်၊ ရဝေအောင်၊ စိုးရန်အောင်၊ သူထူးစံ၊ L လွန်းဝါ၊ ထူးအိမ်လင်း၊ L ကိုလင်း၊ ကိုသန်းဆွေတို့ ဖြစ်ကြသည်။

တခြားရန်ကုန်မှ အနုပညာရှင် တစ်ဖွဲ့လည်း  တက်ရောက်ခဲ့ကြပြီး ယင်းအထဲတွင် မိုးစက်ဝိုင်၊ ပုလဲဝင်း၊ ရဲရင့်အောင်၊ ဟက်ကပ်တို့ ပါဝင်သည်။

အခမ်းအနားအား ရခိုင်ပြည်နယ် အစိုးရ ရုံးခန်းမတွင် ပြုလုပ်ခြင်းဖြစ်ပြီး ရှေ့ဦးစွာ အလိုတော်ပြည့် ဆရာတော်ကြီး ဒေါက်တာ အရိယာဝံသမှ အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ပစ္စည်း ၃၃ မျိုးပါ ထောက်ပံ့ရေး သေတ္တာ (၄၀၀)အား အလိုတော်ပြည့် ဆရာတော် ကြီးမှ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သို့ လွဲပြောင်းပေးအပ်သည်။

ယင်းအပြင် အဆိုတော်များမှာ မျိုးစန္ဒီကျော်၊ ခရစ်စတီနား၊ ရတနာ၊ ဧကရီမှူးပိုင်၊ ရဝေအောင်၊ စိုးရန်အောင်၊ သူထူးစံတို့မှ စစ်တွေမြို့ ကမ်းနားလမ်းရှိ Strand Hotel တွင် မိုးရေထဲ သီချင်းဆိုပြီး ရေဘေးအတွက် အလှူငွေကောက်ခံရာ ကျပ် (၁၀) သိန်း ရရှိခဲ့သည်။

ယင်းအဖွဲ့သည် ရခိုင်ပြည်သူများကို စစ်တွေတွင် အားပေး နှစ်သိမ့်စကားများ ပြောဆိုခဲ့ကြပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ကြသည်ဟု သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...