စိုက်ပျိုးစရိတ်ချေးငွေ မရ၍ မာန်အောင်မြို့နယ် လယ်ယာလုပ်ငန်းအတွက် အခက်အခဲဖြစ်

စိုက်ပျိုးစရိတ်ချေးငွေ မရ၍ မာန်အောင်မြို့နယ် လယ်ယာလုပ်ငန်းအတွက် အခက်အခဲဖြစ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၊ ကြံတိုင်းအုပ်စုတွင် ပုံစံ( ရ)ရှိသော်လည်း လယ်သမား ၃၂၀ ကျော် စိုက်ပျိုးစရိတ်ချေးငွေများ မရရှိသဖြင့် လယ်ယာလုပ်ငန်းအတွက် အထူးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့မှာ ပုံစံ (၇) ရှိပါတယ်။ ဒါကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးကတစ်ဆင့် တင်ထားပြီးပါပြီ။ စိုက်ပျိုးရာသီ တစ်ဝက်ကျိုးသွားပါပြီ။ အခုအချိန်ထိ စိုက်ပျိုးစရိတ်ချေးငွေ မရသေးပါဘူး။ ကောက်စိုက် သမတွေကို ပိုက်ဆံ မပေးနိုင်သလို ဓာတ်မြေဩဇာလည်း မဝယ်ယူနိုင်တဲ့ အတွက် လယ်ယာလုပ်ငန်း တွေကို ရပ်ဆိုင်းရမယ့် အနေအထားကို ရောက်နေပါတယ်”ဟု ကြံတိုင်ကျေးရွာမှ လယ်သမားကြီး ဦးကျော်တင်က ပြောသည်။

မာန်အောင်မြို့နယ် ကြံတိုင်းအုပ်စုတွင် ဆားချက်၊ စစ်ကဲတော်အုပ်၊ ကြံတိုင်းနှင့် တအောင်းပြင် (ဖုန်းထဲ အသံမကြည်လင်၍ အမည်မှားနိုင်သည်) ကျေးရွာ (၄) ရွာရှိပြီး ထိုရွာများမှ ရွာသား ၄၀ ကျော်သာ စိုက်ပျိုးစရိတ် ချေးငွေ ရရှိပြီး ကျန်လယ်သမား ၃၂၀ ကျော်မှာ စိုက်ပျိုးစရိတ် ချေးငွေ မရရှိသေးဟု သိရသည်။

ဩဂုတ် ၁၈ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးမှ လယ်ဧက ၈၀၀ ကျော်ရှိသော ကြံတိုင်းအုပ်စုတွင် လယ်ဧက ၃၀၀ ကျော်အတွက်သာ စိုက်ပျိုးစရိတ် ချေးငွေ ရရှိမည်ဟု ပြောဆိုသဖြင့် လယ်သမားများ အကြား မကျေနပ်မှုလည်း တိုးပွားနေသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စိုက်ဘဏ်သို့ ဖုန်းဖြင့် ဆက်သွယ်ရာ မာန်အောင်မြို့နယ် စိုက်ဘဏ်တွင် ထုတ်ချေးရန် ငွေမရှိသဖြင့် ဒုတိယ အသုတ် ထုတ်ချေးရန် ပြည်နယ်သို့ တင်ပြ တောင်းခံထားသည်ဟု ဘဏ်မန်နေဂျာက ပြောဆိုသည်။

“ဘဏ်မှာ ငွေမရှိဘူး။ ဒါကြောင့် ပြည်နယ်ကို တင်ပြထားပါတယ်။ ဒုတိယ အသုတ်အတွက် ဖြစ်ပါတယ်။ ဒီငွေတွေက ကျွန်တော့် သဘောထားတစ်ခုတည်းနဲ့လည်း ထုတ်ချေးလို့ မရပါ။ မြို့နယ် ချေးငွေ အကြံပေးအဖွဲ့၍ သဘောတူညီချက်နဲ့ ထုတ်ချေးရတာပါ။  ကျေးရွာအုပ်ချူပ်ရေးမှူးက ဘယ်လို ဖြစ်နေတယ်ဆိုတာ မပြောတတ်ဘူး။ စာချုပ်တွေကို တင်ခိုင်းထားပါတယ်။ ကျွန်တော်က ပြန်လည်ပြီး စိစစ်မှာပါ။ ချေးငွေ စာရင်းတွေ ပြန်လည် တင်ခိုင်းထားပါတယ်”ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် လယ်သမားအများစုမှ ယခုနှစ် စိုက်ပျိုးစရိတ် ချေးငွေ မရဘဲ ဖြစ်နေပြီး အများစု လယ်သမားများမှာ ပုံစံ(၇) မရှိသောကြောင့် ဖြစ်သည်ဟု သိရသည်။

မာန်အောင်မြို့နယ်တွင် မူ ပုံစံ (၇) ရှိသော်လည်း စိုက်ပျိုးစရိတ် ချေးငွေ မရဘဲ ဖြစ်နေခြင်းအပေါ် အများက မေးခွန်းထုတ်စရာ ဖြစ်နေ သည်ဟု ကြံတိုင်းရွာက လယ်သမားတစ်ဦးဖြစ်သူ ဦးကျော်ကျော်က ပြောသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...