ရခိုင်အနုပညာရှင်များ၏ စင်တင်ဂီတ ဖြေဖျော်ပွဲမှ ရခိုင်ရေဘေးအတွက် ကျပ်သိန်း ၂၂၀ ရရှိ

ရခိုင်အနုပညာရှင်များ၏ စင်တင်ဂီတ ဖြေဖျော်ပွဲမှ ရခိုင်ရေဘေးအတွက် ကျပ်သိန်း ၂၂၀ ရရှိ
by -
နိရဥ္စရာ
ရခိုင်ရေဘေးသင့် ပြည်သူများအတွက် ဩဂုတ်လ ၁၇ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်သော ရခိုင်အနုပညာရှင်များ၏ စင်တင် ဂီတဖြေဖျော်ပွဲမှ ရန်ပုံငွေ ကျပ်သိန်း ၂၂၀ ရရှိခဲ့သည်ဟု စီစဉ်သူ ဦးစံမော်သိန်းက နိရဥ္စရာသို့ ပြောကြားသည်။

“ရခိုင်ရေဘေးအတွက် စင်တင်ဂီတ ဖြေဖျော်ပွဲ တစ်ခုကို စစ်တွေမှာ ဒီလ ၁၇ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ စုစုပေါင်း အလှူထည့်ဝင်တာရော၊  လက်မှတ်ရောင်းရတာရော စုစုပေါင်း သိန်း ၂၂၀ ရရှိပါတယ်”ဟု သူက ဆိုသည်။

ယင်းစင်တင်ဂီတဖျော်ဖြေပွဲအား ရခိုင်ရေဘေးသင့် ပြည်သူများ ရန်ပုံငွေအတွက် ရည်ရွယ်ပြုလုပ်ခဲ့ပြီး လက်မှတ်စောင်ရေ ၈၀၀ ထိ ရောင်းချခဲ့ရသည်ဟု သိရသည်။

ယခုဖျော်ဖြေပွဲသို့  ဝေဠုကျော် ဖေါင်းဒေးရှင်းမှ အလှူငွေ ကျပ်သိန်း ၅၀၊ ရွှေပြည်တန်အမြန်ယာဉ်မှ ၁၀ သိန်းကျပ်၊ ကမ္ဘောဇဘဏ်(အနာဂတ်အလင်းတန်း ဖေါင်ဒေးရှင်း)မှ ၁၀ သိန်းကျပ်၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုးမှ ၁၀ သိန်းကျပ်၊ ခန့်စည်သူထံမှ ၅ သိန်းကျပ် နှင့် အခြားအလှူရှင်များမှ စုစုပေါင်း လှူဒါန်းထားငွေ ကျပ်သိန်း ၁၀၀ ကျော် လှူဒါန်းခဲ့ကြသည်။

ဖြေဖျော်ခဲ့ကြသော ရခိုင်အဆိုတော်များအထဲတွင်  ကိုမြတ်ခိုင်ကျော်၊ ဒိုးရ်ရီ၊ ကိုဝင်းကိုခိုင်၊ ကိုကိုနိုင်၊ ဦးမောင်သိန်း၊ ကိုခိုင်ကျော်လင်း၊ ညှာစိမ်းခိုင်၊ ရီလှိုင်းပြာနှင့် ရခိုင်တစ်ပြည်နယ်လုံးမှ တခြား နာမည်ကြီး အဆိုတော်များလည်း ပါဝင်ကြသည်ဟု သိရသည်။ ဧည့်သည်အဆိုတော်များအနေဖြင့် ထူးအိမ်လင်း၊ L လွန်းဝါနဲ့ L ကိုလင်းတို့ ဝင်ရောက် သီဆို ဖြေဖျော်ခဲ့ကြသည်။

အဆိုစင်တင် ဂီတ ဖြေဖျော်ပွဲကို ရခိုင်ပြည်နယ်ဂီတအစည်းအရုံး (ယာယီ)မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး  အထူးတန်းအတွက် ၁၀,၀၀၀ ကျပ်နှင့် ရိုးရိုးတန်းအတွက် ရ၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့သည်ဟု သိရသည်။

ရန်ကုန်က အဆိုတော်များ လာရောက်ရခိုင်အဆိုတော်များကိုယ်တိုင် မြို့ကိုပတ်ပြီး လက်မှတ်များကို ရောင်းချပြီး၊ စစ်တွေမြို့ရှိ အချို့နေရာများတွင်လည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

“ယာယီ ကော်မတီဖွဲ့ပြီး ပြုလုပ်တဲ့ ရန်ပုံငွေ စင်တင် ဂီတပွဲက အောင်မြင်တယ်လို့ ပြောလို့ပေမယ့် ရန်ကုန်က အဆိုတော်တွေ အလှူလာလုပ်ရင်း ဝင်ဆိုမယ်လို့ ပြောဆိုထားတဲ့ နေရာမှာ လေယာဉ် လက်မှတ် အခက်အခဲကြောင့်  အပြောင်းအလဲ ဖြစ်ပြီး အဆင်မပြေတဲ့ အပေါ်မှာတော့ တောင်းပန်ချင်ပါတယ်”ဟု ဦးစံမော်သိန်းက ပြောဆိုသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...