စစ်တွေမြို့တွင် လျှပ်စစ်ဓာတ်လိုက်ပြီး ၃ ဦးသေ၊ ၁၄ ဦးဆေးရုံရောက်

စစ်တွေမြို့တွင် လျှပ်စစ်ဓာတ်လိုက်ပြီး ၃ ဦးသေ၊ ၁၄ ဦးဆေးရုံရောက်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် ဦးဥတ္တမလမ်းတွင် လျှပ်စစ် ဓာတ်လိုက်ရာမှ လူ ၃ ဦးသေဆုံးပြီး ၁၄ ဦးကို ဆေးရုံတင်လိုက်ရကြောင်း စစ်တွေရဲမှ အတည်ပြု ပြောကြားသည်။

လျှပ်စစ် ထရန်စဖိုအနီး ဆိုင်းဘုတ်တစ်ခုကို ထောင်ရာမှာ ဓာတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း ရဲအုပ်ခင်မောင်က နိရဥ္စရာသို့ အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများမှာ သက်စိုး (၂၅ )၊ ဟန်ထွန်း (၃၁) နှင့် သက်ဖြိုးမောင် ( ၃၀) နှစ် တို့ ဖြစ်ကြောင်း ရဲအုပ်က ပြောသည်။

“အန္တရာယ်ရှိတဲ့ အလုပ်တွေကို ပေါလျော့စွာ လုပ်တာပေါ့။ သံနဲ့ လုပ်ထားတဲ့ ဆိုင်းဘုတ်ကို ထရန်းစဖော်မာအနီးမှာ သွားထောင်တော့ လျှပ်စစ်လိုက်ပြီး သေဆုံးတာ ဖြစ်ပါတယ်” ဟု  သူက ဆိုသည်။

မကျွမ်းကျင်သော လုပ်သားများကို စေခိုင်းမှုဖြင့်  တာဝန်ရှိသူများကို အရေးယူထားကြောင်း သူက ဆက်လက် ပြောဆိုသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...