ရခိုင်ရေဘေး လူအသေအပျောက်စာရင်း ကွဲလွဲမှုများ ဖြစ်ပေါ်နေ

ရခိုင်ရေဘေး လူအသေအပျောက်စာရင်း ကွဲလွဲမှုများ ဖြစ်ပေါ်နေ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၅၆ ဦးရှိကြောင်း ဩဂုတ်လ ၁၂ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းမှ ပြောကြားသည်။

စစ်တွေမြို့ရှိ ပြည်နယ် ဥပဒေချုပ် ရုံးခန်းတွင် ရခိုင်ရှိ မီဒီယာအချို့ တွေ့ဆုံစဉ် ဦးလှသိန်းက ထိုသို့ အတည်ပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် ဝံလက် ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံကမူ ရခိုင်ပြည်နယ်တွင် သေဆုံးသူ အရေအတွက်မှာ ရ၇ ဦးရှိကြောင်း နိရဥ္စရာသို့ ပြောဆိုသည်။

ဩဂုတ် ၁၅ ရက် နေ့စွဲဖြင့် ထုတ်ဝေသော 7 Day Daily တွင် ရခိုင်ပြည်နယ်တွင် ရေဘေးကြောင့် ဩဂုတ် ၁၁ ရက်နေ့ထိ  (၃) လအတွင်း သေဆုံးသူ ၆၂ ဦးရှိကြောင်း ဖော်ပြထားသည်။

ရခိုင်အမျိုးသားပါတီ၏ စာရင်းတွင် မြောက်ဦးမြို့နယ်တွင် သေဆုံးသူ ၁၆ ဦး၊ မင်းပြားမြို့နယ်တွင် သေဆုံးသူ ၁၆ ဦး၊ ကျောက်တော်တွင် ၄ ဦး၊ မြေပုံမြို့နယ်တွင် ၁ ဦး၊ အမ်းမြို့နယ်တွင် ၁ ဦး၊ ပေါက်တောမြို့နယ်တွင် ၂ ဦး၊ ရသေ့တောင်မြို့နယ်တွင် ၅ ဦးဟု ဖော်ပြထားသည်။

အဆိုပါ ရခိုင်အမျိုးသား ပါတီ၏ စာရင်းထဲတွင် ဘူးသီးတောင်တွင် သေဆုံးသွားသော ဘင်္ဂလီ ၁၈ ဦးနှင့် မင်းပြားမြို့နယ်တွင် ဘင်္ဂလီ ၂ ဦး၏ စာရင်း ပါဝင်ခြင်း မရှိပေ။

သို့အတွက် ရေကြီးရေလျှံမှု ဖြစ်သည်မှာ ၁၅ ရက်ခန့် ကြာမြှင့်လာပြီ ဖြစ်သော်လည်း ရခိုင်ရေဘေးကြောင့် သေဆုံးသူ အရေအတွက်စာရင်းမှာ တိတိကျကျ ထွက်ပေါ်လာခြင်း မရှိဘဲ ကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...