ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
by -
နိရဥ္စရာ
၂၀၁၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ်၌ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ ရခိုင်အမျိုးသား ပါတီက ၅ ဦး ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ ကျွန်တော်တို့ ပါတီရဲ့ အဓိက ယှဉ်ပြိုင်ဖက်တွေကတော့ ကြံ့ခိုင်ရေးပါတီ၊ NLDနဲ့ ချင်းတိုးတက်ရေး ပါတီတို့ပဲ ဖြစ်မှာပါ”ဟု အမျိုးသားလွှတ်တော်မှ ဝင်ရောက်အရွေးခံမည့် ရခိုင်အမျိုးသားပါတီ၏ အလုပ်အမှုဆောင် ဦးစိန်ရွှေမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ပြည်သူလွှတ်တော်တွင် ဦးဘစော၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁၁)တွင် ဦးစိန်ရွှေမောင်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁၂)တွင် ဦးတင်ထွန်း၊ ပြည်နယ်လွှတ်တော် အမှတ်(၁)တွင် ဦးစောလှ၊ ပြည်နယ် လွှတ်တော်အမှတ် (၂)တွင်ဦးစောငြိမ်း တို့ ဖြစ်သည်။

ပလက်ဝမြို့နယ်တွင် လူဦးရေ ကိုးသောင်းကျော်ရှိရာ ရခိုင်အမျိုးသားပါတီဝင် ငါးထောင်ကျော်ရှိပြီး ပါတီ ၁၀ ပါတီရှိကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း စသည်တို့တွင် ကိုယ်စားလှယ် (၇၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...