စစ်တွေတွင် ရဟန်းတော်နှစ်ပါးက ရေဘေးအကူအညီနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်

စစ်တွေတွင် ရဟန်းတော်နှစ်ပါးက ရေဘေးအကူအညီနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရဟန်းတော်နှစ်ပါးက ရေဘေးအကူအညီများနှင့် ပတ်သက်ပြီး အစိုးရနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း INGO များမှ နှောင့်နှေးကြန့်ကြာနေမှုများနှင့် ပတ်သက်ပြီး သြဂုတ်လ ၃ ရက်နေ့က ဆန္ဒဖော်ထုတ် ကန့်ကွက်ခဲ့ကြသည်။

“ရခိုင်ပြည်မှာ အဲသလောက်ထိ ရေမြုပ်ပြီး လူသေတဲ့အထိ ဖြစ်နေတာကို အစိုးရက ဒီအတိုင်း ထိုင်ကြည့်နေတာလား။ အကူအညီနည်းနည်းပေးပြီး သတင်းစာတွေမှာ ဖော်ပြရုံနဲ့ ပြီးပြီလား။ NGO တွေလည်း ခွဲခြားပြီးတော့ ကူညီပေးသလို ခံစားရတယ်။ အခုလို ရခိုင်တွေ အပေါ်မှာ လျစ်လျူရှုထား ခြင်း မဖြစ်စေချင်ဘူး။ ဒါကြောင့် နောက်ထပ်လူတွေ ထိခိုက်ဆုံးရှုံးမှု မဖြစ်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုတဲ့အတွက် ဒီဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ရတာပါ”ဟု ဆန္ဒဖော်ထုတ်သည့် အရှင်ကေသာရက မိန့်ကြားသည်။

ရခိုင်ပြည်နယ် ဒေသအများအပြားတွင် ရေနစ်မြုပ်ခဲ့၍  ဒုက္ခရောက်နေကြသဖြင့် အမြန်ဆုံး ထိထိရောက်ရောက် ကူညီဆောင်ရွက်ကြစေလိုကြောင်း၊ နောက်ဆက်တွဲ ပြသနာများ ဖြစ်သော အစားအစာနှင့် သောက်သုံးရေများ ရရှိရန် ဆောင်ရွက်ပေးစေလိုကြောင်း၊ သို့မဟုတ်ပါက သေဆုံးသူများပြားလာနိုင်ကြောင်း၊ ရောဂါဘယလည်း ထူပြောလာနိုင်ကြောင်း၊ နိုင်ငံတကာ အဲန်ဂျီအိုများ အနေဖြင့်လည်း ဘာသာ လူမျိုး ခွဲခြားမှု မပြုလုပ်ဘဲ ဒုက္ခရောက်နေသူများကို ကူညီသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

အကူအညီနှောင့်နှေးနေသဖြင့် ပြည်ထောင်စု အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသော INGO များ အပါအဝင် ရခိုင်အမျိုးသားပါတီကိုလည်း ရဟန်းတော်နှစ်ပါးက ပြစ်တင်ဝေဖန်ခဲ့သည်။

“ဒီအဖွဲ့အစည်းတွေ၊ ဒီပါတီတွေက ဘာလုပ်နေတာလဲ။ ဒီလောက် သေကြေပျက်စီးနေကြပြီ။ NGO အဖွဲ့အစည်းတွေကလည်း ဘင်္ဂလီတွေ အတွက်ဆို အချိန်နဲ့ တပြေးညီ လုပ်ပေးတယ်။ အခု ဒေသခံ ရခိုင်နေတွေဖြစ်တော့ ရပ်ပြီး ကြည့်နေတယ်။ ခွဲခြားဆက်ဆံမှုတွေက ရင်နာစရာကောင်းတယ်” ဟု အရှင်ကေသာရက ပြောဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲကို သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် စတင်ခဲ့ပြီး ရခိုင်အမျိုးသားပါတီ စစ်တွေရုံးချုပ်အထိ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...