နယ်စပ်ရေးရာဝန်ကြီးဌာနမှ အမြဲတန်းအတွင်းဝန် ဦးစံရွှေအောင် ဦးဆောင်ပြီး မင်းပြားမြို့နယ် ကျေးရွာများသို့ ရဟတ်ယာဉ်ဖြင့် ရိက္ခာများဖြန့်ဝေ

နယ်စပ်ရေးရာဝန်ကြီးဌာနမှ အမြဲတန်းအတွင်းဝန် ဦးစံရွှေအောင် ဦးဆောင်ပြီး မင်းပြားမြို့နယ် ကျေးရွာများသို့ ရဟတ်ယာဉ်ဖြင့် ရိက္ခာများဖြန့်ဝေ
by -
နိရဥ္စရာ
နယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန်/ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးစံရွှေအောင် ဦးစီးပြီး ရဟတ်ယာဉ်ဖြင့် မင်းပြားမြို့နယ်မှ ဒုက္ခကြံုတွေနေကြရသော စွန်ရဲ၊ အိုင်ဝမ်း၊ စားကျက်၊ လဟာကျယ်၊ ခေါင်းလောင်းချောင်းကျေးရွာများသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ပြီး ရိက္ခာများ ချပေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဦးစံရွှေအောင်မှ နိရဥ္စရာသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားရာတွင် “ဆန်၊ ရေသန့်၊ ခေါက်ဆွဲ ခြောက်၊ ဆေးဝါး၊ အခြားစားသောက်စရာများနှင့် ရေသန့်ပစ္စည်းတွေကို သွားရောက်ကူညီတာ ဖြစ်ပါတယ်။ ဒီကနေ့ နံနက် ၈ နာရီ စစ်တွေကနေ စထွက်လာပြီး မင်းပြားမြို့နယ်က ရွာတွေကို အရောက် အကူအညီပေးနေတာ ဖြစ်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ မြေပုံမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် မုန်တိုင်းနှင့်အတူ ရေကြီးရေလျှံဖြစ်ရာမှ ကျေးရွာများ ထောင်နှင့် ချီကာ ရေနစ်မြုပ်ခဲ့သည်။

ရိက္ခာများ သိုလှောင်ထားရာ စပါးကျီများ အားလုံးရေမြုပ်ခဲ့ပြီး ကျန်ရှိနေသော စပါးများကို ကြိတ်ရန်မှာ ဆန်စက်များလည်း ရေဝင်သွားရာမှ မလည်ပတ်နိုင်ဘဲ ဖြစ်နေသဖြင့် ကျေးရွာအများအပြားတွင် ရိက္ခာများ ပြတ်လပ်နေပြီး ရေကန်များကိုလည်း ရွံ့နွံများ ဖုံးလွှမ်းနေသဖြင့် သောက်သုံးရေများ အရေးပေါ် လိုအပ်နေသည်ဟု ဆိုသည်။

helicopter distributing food Arakan

“မနေ့ကလည်း ရေဘေးဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ ငစရိုင်းချောင်း၊ ငတံပျင်းရွာ၊ သင်္ကန်းနက်၊ ကျပိတ်ကေ ရွာတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ အရေးပေါ် အကူအညီတွေကို ဒုက္ခဖြစ်နေတဲ့ သူတွေကို အမြန်ရောက်ရှိအောင် စီစဉ်နေပါတယ်”ဟု ဦးစံရွှေအောင်က ဆက်လက် ပြောဆိုသည်။

ဆက်လက်ပြီးလည်း နောက်ထပ် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...