ရခုုိင်သင်္ကြန်ကို ၁၉၉၄ ခုုနှစ်မှ စတင်ပြီး နယူးယောက်မြို့တွင် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ် သင်္ကြန်မှာ (၂၁) ကြိမ်မြောက်ဖြစ်ကြောင်း ဦးမြထွန်းက ပြောသည်။
“အာရှနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် နိုင်ငံတွေမှာ သင်္ကြန်ကိုု အများအားဖြင့် နွေရာသီဖြစ်တဲ့ ဧပြီလတွင် ကျင်းပလေ့ ရှိကြပါတယ်။ အမေရိကန်ပြည်ထောင်စုု နယူးယောက်တွင် ဧပြီလ အပါအဝင် တခြားလ တွေမှာ ဆောင်းရာသီ မကုုန်သေးတဲ့အတွက် ရေကစားဖို့ မဖြစ်နိုုင်သေးတာကြောင့် နွေရာသီ ကာလဖြစ်တဲ့ ဇွန်နဲ့ ဇူလိုင်လကိုု ရွေးပြီး ပြုလုုပ်ရတာ ဖြစ်ပါတယ်”ဟု ဦးမြထွန်းက ဆက်ပြောသည်။
ရခုုိင်သင်္ကြန် ဖြစ်မြောက်ရေး ကော်မီတီ အဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်ခင်ခင်မှလည်း ”ရခုုိင်သင်္ကြန်က တနှစ်ထက် တနှစ်ပိုုပြီး စည်ကားလာတယ်။ အခုုနောက်ပိုုင်းမှာ ဗမာပြည်က လူတွေ သက်သက် မဟုုတ်ဘဲ တခြားနိုုင်ငံခြားသာ တွေလည်း စိတ်ဝင်စားလာတာကိုု တွေ့ရတယ်။ အထူးသဖြင့် ရိုးရာ အစားအစာတွေ ရောင်းချကြတာ ပိုုများလာတာကိုု တွေ့ရတယ်“ဟုု ပြောသည်။
သင်္ကြန်ပွဲတော်တွင် ပါ၀င်ဆင်နွှဲနေသူ ဒေါ်ဖြူဖြူသာမှလည်း “သင်္ကြန်မှာ အရမ်းပျော်စရာကောင်း ပါတယ်။ ကျမတိုု့လည်း ကွန်တာတိက ပြည်နယ်ကနေပြီး နယူးယောက် သင်္ကြန်ကိုု တကူးကလာကြ တာပါ။ အဓိက တော့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ လည်း တွေ့ရတယ်..။ ရိုးရာ အစားအစာတွေကိုု လည်း စားရတယ်.. ပြီးတော့ ရခုုိင်ပြည်ကိုုလည်း အရမ်း လွမ်းမိပါတယ်။ နောင်နှစ်တိုုင်းနှစ်တိုုင်းမှာ လည်း ဒီလိုုမျိုး စည်စည်ကားကားနဲ့ ရခုုိင်သင်္ကြန်ကျင်းပနိုုင်ပါစေလိုု့..ဆုုတောင်း ပါတယ်”ဟုု ပြောဆိုသည်။
နယူးယောက် ရခုုိင်သင်္ကြန်ကို ဇူလိူင်လ ၁၉ ရက်နေ့၊ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ ပြုလုုပ်ခဲ့ကြပြီး လူပေါင်း ၈၀၀ နီးပါး လာရောက်ပါ၀င်ဆင်နွဲခဲ့ကြကြောင်း သိရှိရသည်။







