အကြမ်းဖက်တိုက်ခိုက်မည့် သတင်းကြောင့် မောင်တောတွင် လုံခြံုရေးတိုးမြှင့်

အကြမ်းဖက်တိုက်ခိုက်မည့် သတင်းကြောင့် မောင်တောတွင် လုံခြံုရေးတိုးမြှင့်
by -
နိရဥ္စရာ
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် အကြမ်းဖက်တိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် လုံခြံုရေးတိုးမြှင့်ထားပြီး ဌာနဆိုင်ရာ အသီးသီးသို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက အထူးသတိပေးမှုတစ်ရပ် ပြုလုပ်ထားကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ဌာနဆိုင်ရာများသို့ ဇူလှိုင်လ ၁၃ ရက် နေ့စွဲဖြင့် အကြောင်းကြားစာပေးပို့ရာတွင် “လုံခြံုရေး အထူးသတိထားဆောင်ရွက်သွားရန်ကိစ္စ”ဟု ခေါင်းစဉ်တပ် ပေးပို့ခဲ့သည်ဟု သိရသည်။

ဌာနဆိုင်ရာများသို့ အကြောင်းကြားရာတွင် တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့တွင် RSO အဖွဲ့နှင့် Islamic အဖွဲ့များ ပူးပေါင်း၍ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီများ၏ ဥပုသ်ကာလ အပြီး ၂၀၁၅ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နှင့် နောက်ပိုင်းကာလများတွင် ဌာနဆိုင်ရာရုံးများနှင့် ရခိုင် တိုင်းရင်းသားများ စုဝေးနေထိုင်သည့် နေရာများ၌  ဖောက်ခွဲရေးလုပ်ငန်းများ၊ အကြမ်းဖက်လုပ်ငန်း များ ဆောင်ရွက်သွားရန်နှင့် အောင်မြင်မှု မရရှိပါက ဌာနဆိုင်ရာဝန်ထမ်းများအား ခေါင်းဖြတ်လုပ်ကြံ သွားရန် ပြင်းထန်စွာ တိုက်တွန်းထားသည်ဟု ဖော်ပြပါရှိသည်။

ယင်းအပြင် ဘင်္ဂလီလူမျိုးများအား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မရသဖြင့် နိုင်ငံတော်အစိုးရအား နည်းမျိုးစုံဖြင့် လျှို့ဝှက်တိုက်ခိုက်ကြရန် ဆော်သြတိုက်တွန်းထား သည်ဟုလည်း စာထဲတွင် ဖော်ပြထားသည်။

သို့အတွက် လုံခြံုရေး အမြဲသတိရှိစေရန်နှင့် ဌာနလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်တည်း သွားလာခြင်းမရှိစေရန်လည်း အကြောင်းကြားထားသည်ဟု သိရသည်။

ထိုသို့ အကြမ်းဖက်တိုက်ခိုက်မည်ဆိုသည့် ခြိမ်းခြောက်မှုများကြောင့် လုံခြံုရေးမဲ့နေသော ဒေသများ တွင် စာသင်ပြနေသော ဆရာ၊ ဆရာမများအနေဖြင့် မောင်တောမြို့ပေါ်သို့ ပြန်လာနေကြသည်ဟု သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...