အသက် (၁ဝဝ)ပြည့် ရခိုင်အမျိုးသမီးကြီး မွေးနေ့မင်္ဂလာဂုဏ်ပြု ပွဲ ရန်ကုန်တွင် ကျင်းပ

အသက် (၁ဝဝ)ပြည့် ရခိုင်အမျိုးသမီးကြီး မွေးနေ့မင်္ဂလာဂုဏ်ပြု ပွဲ ရန်ကုန်တွင် ကျင်းပ
by -
နိရဥ္စရာ
ကော့စ်ဘဇား၊ ဇူလိုင်- ၈ ရက်နေ့ - ရခိုင်အမျိုးသမီးအသင်း (ရန် ကုန်)၏ နာယက ဒေါ်စံသာ အသက် (၁ဝဝ)ပြည့် မွေးနေ့ မင်္ဂလာ ဂုဏ်ပြုပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အာဇာနည် ကုန်းဗိမာန်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာ ရုံ၌ ဇူလိုင်လ (၅)ရက်၊ နံနက် (၉)နာရီ က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

“ ခုခေတ်မှာ အသက် တစ်ရာ ရှည်တယ်ဆိုတာ ရှားရှားပါးပါးပါ။ နောက်ပြီး အသက်ရှည်တဲ့ လူကြီးတွေ ကို သမ္မတကြီးကလည်း ကူညီထောက် ပံ့ပေးနေတာပဲလေ။ ဒီအချိန်မှာ  အ သက်တစ်ရာရှည်တဲ့ ရခိုင်အမျိုးသမီး ကြီးတစ်ယောက်ကို ရခိုင်အမျိုးသမီးအ သင်း(ရန်ကုန်)က မွေးနေ့မင်္ဂလာဂုဏ် ပြုပွဲလုပ်ပေးရတာကို အထူး ဝမ်းသာဂုဏ်ယူ ပါတယ်” ဟု ရခိုင်အမျိုသမီးအသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌ ဒေါ်မြညွန့်ကဆို သည်။

အသက် (၁ဝဝ)ပြည့် မွေးနေ့မင်္ဂ လာပွဲပြုလုပ်ဂုဏ်ပြုခံရသည့် ဒေါ်စံ သာသည် ၁၉၁၅ ဇူလိုင်လ (၅)ရက်နေ့  တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အဖ ဦးချင်းရှီ(မြေတိုင်းအင်စပက်တော်)၊ အမိဒေါ်နှင်းဖြူတို့မှ မွေးဖွားသည့်အ ငယ်ဆုံးသမီး ဖြစ်ကြောင်း သိရသည်။ သူမသည် ၁၉၂၉-၁၉၃ဝ ပြည့်နှစ်စစ် တွေနော်မန်ကျောင်းမှ သတ္တမတန်း အစိုးရစစ်စာမေးပွဲတွင် ရခိုင်ပြည်နယ် ၏ ပထမဆုံး ရွှေတံဆိပ်ဆုကို ရရှိခဲ့သူ  ဖြစ်သည်။ သူမသည် ၁၉၃၂-၁၉၃၃ တွင် စစ်တွေနော်မန်ကျောင်းမှ ၁ဝ တန်းအောင်မြင်ကာ ဆရာအတတ်သင် အထိ ၄ နှစ်တိုင် စကောလားရှစ်ကို ရ ရှိခဲ့ဖူးသည့် ထူးချွန်သော အမျိုးသမီး တစ်ဦးဖြစ်ကြောင်းလည်းသိရသည်။

Grandmon

အသက် (၁ဝဝ)ပြည့် မွေးနေ့ မင်္ဂလာအဖြစ် ဆရာတော် သံဃာတော် များအား ဆွမ်းကပ်လှူဒါန်းခြင်း၊ ကြေး ပိဋကတ်တော်များ၊ ဘင်္ဂလားဒေ့ရှ်ရှိ ဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓဆင်းတု တော်များ လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ ကြသည်။ အသက် (၁ဝဝ)ပြည့် မွေးနေ့ မင်္ဂလာဂုဏ်ပြုပွဲကျင်းပပြုလုပ်ပေး သည့် ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်) ကို ၁၉၅၆ တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုး၊ ဘာသာ၊ သာသနာနှင့် စသည့် ကိစ္စများတွင် ပါဝင်ဆောင်ရွက်နေ သည့် အသင်းကြီးတစ်သင်းဖြစ်ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)၊ ရခိုင်သဟာယ၊ ရွှေတိဂုံ ရခိုင်မောင်မယ် တံမြက်စည်းလှည်းအသင်းမှ တာဝန်ရှိသူများ၊ အမျိုးသမီးများ စုစုပေါင်း ရ၀ ခန့် တက်ရောက်ခဲ့သည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...