KNPP_0091122ကရင်နီ တိုးတက်ရေး ပါတီ (KNPP) ၏ တောင်းဆိုမှုကို လျျစ်လျူရှုပြီး အစိုးရသည် ကန့်သတ်သော နေရာ၌ စစ်အင် အား တိုးချဲ့ချထား နေသည်ဟု ယနေ့ကျရောက်သော ၆၄ ကြိမ်မြောက် ကရင်နီ တပ်မတော်နေ့တွင် ကရင် နီတိုးတက် ရေးပါတီ ဒုတိယ ဥက္ကဌ အေဘွယ်တွိက ဆိုပါသည်။
ကရင်နီ တပ်မတော်နေ့ အခမ်းနားကိုမူ ထိုင်း မြန်မာ နယ်စပ် မဲဟောင်စွန် ဒေသရှိ ကရင်နီ တိုးတက်ရေး ပါတီ ဌာနချုပ်၌ ကျင်းပခဲ့ပါသည်။

“လက်ရှိ အခြေအနေကတော့ ငြိမ်းချမ်းရေးနဲ့ တော်တော်လေးကို အလှမ်းဝေးနေသေးတယ်။ အပစ်ရပ် သဘောတူညီ ချက်လို့ ပြောပေမဲ့လို့ အမှန်တကယ်မှာတော့ အစိုးရဖက်က လိုက်နာမှု မရှိဘူး။ ဥပမာ KNPP နဲ့ အပစ်ရပ် လိုက်တာနဲ့ တပ်ရင်းသစ်တွေ၊ စစ်သင်တန်းစခန်းသစ်တွေ တိုးချဲ့ချလာခဲ့တယ်။ ကျနော်တို့က ရုတ်သိမ်းပေးဖို့ တောင်းဆိုတယ်၊ သူတို့က နားမထောင်ဘူး၊ လုပ်ချင်တာပဲလုပ်တယ် ဒီတော့ ဒီလုပ်ရပ်တွေဟာ အမြတ်ထုတ်တဲ့ လုပ်ရပ်ပါဘဲ၊ ဒီတော့ အပစ်အခတ် ရပ်စဲရေးဟာ သိပ်ခိုင်မာမှု မရှိသေးဘူးလို့ဘဲ ပြောချင်ပါတယ်” ဟု KNPP ဒုတိယ ဥက္ကဌက ဆိုပါသည်။
KNPP သည် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် အချက် ၂၀ တင်ပြ တောင်းဆိုခဲ့ပါသည်။ ထိုထဲတွင် စစ်ရေးကိစ္စမှ တပါး တခြားလူမှုရေး ကိစ္စများ (ပညာရေး၊ ကျန်းမာရေး၊ NGO နှင့် ဒုက္ခသည်ရေးရာ ကိစ္စများ)၌ ပြည်နယ် အဆင့်နှင့် သဘော တူညီမှုရှိခဲ့ကြပါသည်။ သို့သော် ယနေ့အထိ လက်တွေ့အကောင်ထည် ဖော်ပေးမှု မရှိသေးကြောင်း KNPP ဖက်က ဆိုပါသည်။
၁၉၉၅ ခုနှစ်တွင် KNPP သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ဘူးသည်။ ၂ လတာကြာပြီး ပျက်ပျယ် သွားခဲ့ပါသည်။ အစိုး ရသည် တကယ့်ငြိမ်းချမ်းကို ဖေါ်ဆောင်ခြင်းမဟုတ်ဘဲ စစ်ရေးရည်ရွယ်ချက်ကို အပစ်အခတ် ရပ်စဲရေးနည်းနှင့် ရယူ ခြင်းဖြစ်သည့်အတွက် (၂) လတာသာ ကြာလိုက်ခြင်း ဖြစ်ပါသည်။ ဤ၂၀၁၂ ခုနှစ် အပစ်အခတ် ရပ်စဲရေးသည်လည်း လက်ရှိ အခြေအနေ အတိုင်းဆိုလျှင် (၆)လ ခံပါ့မလားဟု KNPP က ဆိုပါသည်။
“ကရင်နီဘက်မှာမြေ ဧက ၁၀၀၀ ပြည်သူထံက သိမ်းလိုက်တယ် အဲဒီနေရာမှာ တပ်စခန်းသစ်ဖွင့်တယ် အဲဒါ ပြည်သူလူ ထုတွေက ကန့်ကွက်တယ် ပြီးတော့ ကျနော်တို့လည်း ကန့်ကွက်တယ်။ ဒီအပေါ်သူတို့က မြေဟာ ၀ယ်ပြီးပြီး ပြောတယ် အကြောင်းပြတယ်၊ လိမ်တယ်။ ဒီတော့ ဒီကိစ္စတွေဟာ ပြသနာဖြစ်မယ့် အလားလာတွေဘဲ ဖြစ်တယ်။ ၁၉၉၅ တုန်းက အပစ်အခတ် ရပ်စဲရေး ဆိုရင်လည်း နယ်မြသတ်မှတ်ပေးဖို့၊ အပြန်အလှန် လေးစားဖို့နဲ့ သတ်မှတ်နေရာထဲကို မကျူးကျော်ဖို့ ကိုသဘောတူခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့က တိုက်ပွဲမဖြစ်ဖို့အတွက် အစိုးရတပ်တွေ သတ်မှတ်တဲ့ နေရာထဲ မဝင်လာဖို့ တောင်းပန်တယ် မရဘူးဒါကြောင့် နောက် ဆုံးတော့ တိုက်ပွဲဖြစ်ခဲ့တယ် ဟု” ဒုဥက္ကဌကဆိုပါသည်။
အစိုးရသည် တကယ့်ငြိမ်းချမ်းရေး တည်ဆောက်လိုပါက တပြည်လုံး အတိုင်းတာ ဆောင်သော အပြစ်ခတ်ရပ်စဲရေးကို ကြေ ညာသင့်သည်။ အပစ်ရပ်သည်နှင့် စစ်ရေး အစီစဉ်များကို မတိုးချဲ့ရန် ဖြစ်သင့်ပါသည်။ သို့သော် ယခုမူ အပစ်ရပ်စဲထား ပြီးသည်နှင့် စစ်ရေးအရ လိုအပ်သည့် စစ်စခန်းများကို တိုးချဲ့ချထားခြင်း၊ တည်ဆောက်ခြင်း၊ စက်ယန္တယား တပ်ဆင်ခြင်း များဆောင်ရွက်ခဲ့ပါသည်။ ယခင်တုန်းက ထိုနေရာများ၌ တိုက်ပွဲ ဧရိယာများဖြစ်သဖြင့် ယခုကဲ့သို့ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ ဤအခြေအနေကြောင့် အစိုးရနှင့် KNPP တို့၏ အပစ်အခတ် ရပ်စဲရေးသည် မခိုင်မြဲဟု ဆိုရမည်ဖြစ်သည်။
KNPP သည် အစိုးရနှင့် နှစ်ကြိမ်တိုင် တရားဝင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ရရှိခဲ့သော သဘောတူ ညီချက်များ ရှိသော်လည်း ယနေ့ထိ အကောင်အထည် မဖေါ်နိုင်ခဲ့သလို အစိုးရကစစ်ရေးတည်ဆောက် မှုအသစ်များ တိုးချဲ့လာမှုကြောင့် KNPP က လက်မခံနိုင်ဖြစ်သည့်အတွက် တင်းမာလာဖွယ်ရာ အခြေအနေရှိနေပါ သည်။



