ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်၌ မိုးကြီး မှုကြောင့် မြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၅ ရွာ ရေမြုပ် နေပြီး ရေဘေး ဒုက္ခသည် များ အတွက် စခန်း ၄ ခု ဖွင့်ထား ရပြီး စာသင်ကျောင်း များလဲ ပိတ်ထား ရသည်ဟု မြစ်ကြီးနား မြို့ခံ တဦးက ပြောပါသည်။
“ဟုတ်တယ် မိုးရေကြောင့် မြစ်ရေကြီးခဲ့လို့ မြစ်ကြီးနားမြို့ပေါ်က မြို့သစ်ကြီး စီကာပူ လယ်ကုန်းကြက် ပေါင်ခြံ ၊ သီတာ ရပ်ကွက်တွေ ရေမြုပ်သွား ခဲ့သလို ကျန်တဲ့ ရပ်ကွက်ကျေးရွာ တွေမှာလည်း ရေမြုတ်ခဲ့သည်ဟု မြစ်ကြီးနားမြို့ခံ တဦးဖြစ်သည့် ကိုမြလွန်က ပြောပါသည်။
သက်ဆိုင်ရာက ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးနေပါသည်။ ရေဘေး ဒုက္ခသည် များကို စီကာပူ အမှတ် ၅ အထက်တန်း ကျောင်း၌ ၅၀၀ နီးပါးရောက်ရှိနေပါသည်။
မိုးကြီးသဖြင့် ယမန်နေ့က စိုးရိမ်ရေမှတ် (၁၂၀၀) ၌ ရှိနေပြီး ယနေ့ ညနေပိုင်းတွင် စိုးရိမ်ရေ အမှတ် (၁၃၀၀) ၌ ရှိနေပါသည်။ ရေသည် တဖြည်းဖြည်းချင်းသာ တက်နေသဖြင့် ဒုက္ခရောက် သူများကို အချိန်မှီကယ်တင် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
မြစ်ကြီးနားမြို့သည် နှစ်စဉ်ရေကြီးခဲ့ပြီး၊ လမ်းတံတားများ ပျက်စီးခဲ့ပါသည်။ မိုးရေသည် အဆက်မပြတ် ရွာသွန်းနေပါက ရေကြီးမှုကြောင့် ဒုက္ခသည်များ ပိုမိုများပြားလာရန်ရှိသည်ဟု သက်ဆိုင်ရာ များက ခန့်မှန်းထားပါသည်။



