မြန်မာတပ်ရုပ်သိမ်းသွားသော်လည်း ၀မ့်ဟိုင်းဒေသ အခြေအနေမတည်ငြိမ်သေး

မြန်မာတပ်ရုပ်သိမ်းသွားသော်လည်း ၀မ့်ဟိုင်းဒေသ အခြေအနေမတည်ငြိမ်သေး
by -
ဆူးပန်း

ရှမ်းပြည်တိုးတက်ရေးပါတီဝမ့်ဟိုင်းဇာနချုပ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်လာသော မြန်မာစစ်တပ်(၁၅) တပ်ရင်းသည် ဇူလိုင်လ(၂၉ရက်နေ့တွင်တဝက် ကျော်ကျော် ပြန်ရုပ်သိမ်းသွားခဲ့သော်လည်းဝမ့်ဟိုင်း ဒေသနှင့်အနီးဝန်းကျင်ကျေးရွာမှ စာသင်ကျောင်း များမဖွင့်ရဲ သေးဟုဒေသခံကျောင်းဆရာမတစ်ဦးမှ ပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီဝမ့်ဟိုင်းဇာနချုပ်ကိုသိမ်းပိုက်ရန် ထိုးစစ်ဆင်လာသော မြန်မာစစ်တပ်(၁၅) တပ်ရင်းသည် ဇူလိုင်လ(၂၉)ရက်နေ့တွင် တဝက်ကျော်ကျော်ပြန်ရုပ်သိမ်းသွားခဲ့သော်လည်းဝမ့်ဟိုင်း ဒေသနှင့် အနီးဝန်းကျင်ကျေးရွာမှစာသင်ကျောင်းများမဖွင့်ရဲ သေးဟုဒေသခံကျောင်းဆရာမတစ်ဦးမှ ပြောသည်။ ကျောင်း သူကျောင်းသားများအနေနှင့် မြန်မာစစ်တပ်မှအပြီးပိုင်မဆုတ်ခွါသေးသ၍ကျောင်း ဆက်တက်ရန်လုံခြံုရေး အခြေအနေစိုးရိမ်နေရသည်ဟုရှမ်းအမျိုးသမီးရေးရာလှုပ်ရှားဆောင်ရွက်ရေး အဖွဲ့မှ ပညာရေးတာဝန်ခံ မယိင်းဇံဟွန်က ယခုလိုပြောပါသည်။

ကျောင်းပြန်ဖွင့်ဖို့အလားအလာတော့ရှိတယ်။ ဒါပေမဲ့အဲဒီစစ်တပ်တွေအကုန်ထွက်သွားမှ ကျောင်းတွေပြန် တက်မဲ့ခလေးတွေလဲပြန်လာမယ်။ အခုကျောင်းသားအခြေအနေကတော့ ကျောင်းလာတက်မယ်ဆိုတာ တော့ မဖြစ်နိုင်သေးဘူး။ နောက်ပြီးတော့သူတို့ရဲ့လုံခြံုရေးတွေအတွက်လဲ သူတို့မိဘကစိတ်ပူနေတယ် ဆို တော့ ခလေးတွေကျောင်းလာမတက်သေးဘူးရှင့်။ နောက်ပြီးတော့ဖွင့်လဲမဖွင့်သေးဘူး။

ကျေးသီးမြို့နယ်ရှိ၀မ့်ဟိုင်းဒေသဘက်တွင် တွဲဘက်အထက်တန်းကျောင်းတစ်ကျောင်း ပရဟိတကျောင်း တစ်ကျောင်းနှင့်မူလတန်း(၁၃)ကျောင်းအပေါင်း စာသင်ကျောင်း(၁၅)ကျောင်းရှိပြီး ကျောင်းသားဦးရေ (၁၀၀၀) ကျော်ရှိနေသည်ဟု ရှမ်းအမျိုးသမီးရေးရာလှုပ်ရှားဆောင်ရွက်ရေးအဖွဲ့မှပညာရေးတာဝန်ခံမ ယိင်းဇံဟွန်မှ ပြောပါသည်။

ယခုလိုစစ်ပွဲများဖြစ်ပွါးခဲ့သဖြင့် ၀မ့်ဟိုင်းဒေသခံ ကျောင်းသားများ၏ပညာရေးကိစ္စများလည်း ထိခိုက်မှု ရှိနေသည်ဟုပြောပါသည်။

ဇူလိုင်လ(၁၁)ရက်နေ့မှစတင်ပြီး (၁၈)ရက် ကျော်ကျော်ဖြစ်ပွါးခဲ့သည့်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် ၀မ့်ဟိုင်းဒေသဝန်းကျင်ကကျေးရွာသားများသည်မြန်မာစစ်တပ်မှတပ်ရုပ်သိမ်းသွားသောကြောင့် ယခုအခါ နေရပ်ကိုပြန်လည်ဝင်ရောက်လာပြီးဟု ရှမ်းပြည်တိုးတက်ရေးပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဆိုင်းထူးကယခုလိုပြောပါသည်။

ရွာသားတွေအခြေအနေစောင့်ပြီးတော့ သေနတ်အသံမထွက်တော့ အခုတဖွဲဖွဲလာတာပေါ့ခင်ဗျာ့။အခုလယ် လုပ် တဲ့အချိန်ဖြစ်နေတော့ သူတို့လဲကြိုးစားပြီးတော့ဘယ်လိုဘဲဖြစ်ဖြစ် ခိုးကြောင်ခိုးဝှက်နဲ့လာပြီးတော့ လယ်လုပ်ငန်းလေးဘာလေးစဖို့ရှိတာပေါ့အခုအချိန်။နယ်မြေအေးချမ်းပြီးလို့ပြောလို့မရသေးဘူးပေါ့နော။

ယခုလိုမြန်မာစစ်တပ်တွေရုပ်သိမ်းသွားခြင်းသည် ငြိမ်းချမ်းရေးဖေါ်ဆောင်ရန်လမ်းစတစ်ခုဟု သုံးသပ်မှု တွေရှိနေသော်လည်း ရေရာသည့်လက္ခဏာအသွင်မဆောင်သေးဟုရှမ်းပြည်တိုးတက်ရေးခေါင်းဆောင်မှ ပြောပါ သည်။