နမ့်ခမ့်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် ပန်းဆေးကျော်မြင့်ကို ကြံ့ဖွံ့ အမတ်လောင်း အဖြစ်လျာထား

နမ့်ခမ့်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် ပန်းဆေးကျော်မြင့်ကို ကြံ့ဖွံ့ အမတ်လောင်း အဖြစ်လျာထား

၂၀၁၀ ရွေးကောက်ပွဲတွင် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်မြေ၌ ၀င်အရွေးခံမည့် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ပန်းဆေးကျေးရွာအုပ်စု ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်အား ရွေးချယ်....

၂၀၁၀ ရွေးကောက်ပွဲတွင် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်မြေ၌ ၀င်အရွေးခံမည့် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ပန်းဆေးကျေးရွာအုပ်စု ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်အား ရွေးချယ်ထားကြောင်း ဒေသခံကြံ့ဖွံ့ အသိုင်းအ၀ိုင်းက တဆင့် သိရသည်။

ဦးကျော်မြင့်နှင့် နောက်ထပ် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးအား သြဂုတ်လဆန်းပိုင်းက ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် ကိုယ်တိုင် ခေါ်ယူပြီး နမ့်ခမ်းကြံ့ဖွံ့ပါတီကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Kyaw-Myint-Banse
“ဦးကျော်မြင့်နဲ့ နောက်ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက်ကို နမ့်ခမ်းမြို့နယ် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်လိုက်တာပေါ့။ အဲဒါပြီးတော့ ဦးကျော်မြင့် အလှူတွေဘာတွေလုပ်တော့တာပဲ၊ ပြည်ခိုင်ဖြိုး အနေနဲ့တော့ ဘာလှုပ် ရှားမှုမှရှိခဲ့တာမဟုတ်ဘူး ” ဟု ဒေသခံကြံ့ဖွံ့နှင့် နီးစပ်သူက ပြောသည်။

၎င်းသည် နမ့်ခမ်းမြို့နယ် ပန်ဆေးအုပ်စုပြည်သူ့စစ်ခေါင်းဆောင် ဖြစ်သဖြင့် ဒေသတွင်း၌ ပန်ဆေးကျော်မြင့်ဟု လူသိများပြီး နအဖ စစ်အစိုးရ၏ အခွင့်ထူးပေးခံရသူ မူးယစ်ဆေးဝါးနှင့်ဆက်နွယ်မှုရှိသူ ဟူ၍လည်း ဂုဏ်သတင်းကြီးသူ ဖြစ်သည် ။

ဦးကျော်မြင့်သည် တရုတ်ပြည်ဘက်မှ ရွေ့ပြောင်းလာသည့် ခိုလှုံလီဆူးလူမျိုးများ နေထိုင်သော ပန်းဆေး အုပ်စုတွင် ငွေကြေး ဓနကြွယ် ၀ပြီး သြဇာအာဏာရှိသူ ခိုလုံလီဆူးလူမျိုး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ယခုလို ဦးကျော်မြင့်အား ကြံ့ဖွံ့ပါတီကိုယ်စားလှယ်လောင်း အဖြစ်ရွေးချယ်ခံခဲ့ရခြင်း အပေါ်ဒေသခံကြံ့ဖွံ့ အသင်းဝင်များ ကျေနပ်မှု မရှိကြောင်း သိရသည်။

“သူ့ရာဇ၀င်ကလည်း သိပ်မကောင်းဘူး။ နိုင်ငံရေးလည်းဘာမှမသိဘူး။ ပြည်ခိုင်ဖြိုးအနေနဲ့ပါလာတာကို မကြိုက်ကြဘူး။ အလုပ်အမှုဆောင်တွေပဲ သိတဲ့ကိစ္စပေါ့။ ဒီလိုဝင်လာရင်တော့ ပျက်ကုန်ပြီပေါ့” - ဟု စောစောက နီးစပ်သူကဆက် ပြောသည်။

ဦးကျော်မြင့်သည် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခံရပြီးနောက် သြဂုတ်လ ၂ ရက်နေ့တွင် နမ့်ခမ်းမြို့ ဇေယျ သုခကျောင်းတိုက်၌ သံဃာတော် ၁၀၈ ပါးပင့်ဖိတ် အလှူဒါနလုပ်ခဲ့ပြီး ယမန်နေ့က လီဆူး လူမျိုးစု များ၏ ရိုးရာနတ်ပူဇော် ပသပွဲ ပြုလုပ်ခဲ့သဖြင့် ရွေးကောက်ပွဲအောင်နိုင်ရန်အတွက် နတ်ပူဇော်သည်ဟု ဒေသခံများက ဝေဖန်ကြသည်။

နအဖစစ်အစိုးရသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် တိုင်းတစ်ပါးသားများအပေါ် မှီခိုနေရာ ပြည်ပတွင်သာမက ပြည် တွင်းပြည်သူများ တိုင်းတစ်ပါးသားများ၏  ဗိုလ်ကျခြယ်လှယ်ခြင်း ခံနေရသည်။

 

 

 

 

Most read this week