SSA လွယ်တိုင်းလျဲန်း ဌာနချုပ်နှင့် ဆွေးနွေးရန် နအဖကမ်းလှမ်းသည့် သတင်း မဟုတ်မှန်ကြောင်း စဝ်ယွက်စစ်ငြင်းဆို

SSA လွယ်တိုင်းလျဲန်း ဌာနချုပ်နှင့် ဆွေးနွေးရန် နအဖကမ်းလှမ်းသည့် သတင်း မဟုတ်မှန်ကြောင်း စဝ်ယွက်စစ်ငြင်းဆို
by -
ယိင်းမွေခေါ၀်
SSA လွယ်တိုင်းလျဲန်းဌါနချုပ်နှင့်ဆွေးနွေးရန် နအဖမှလျှို့ဝှက်စွာ ဆက်သွယ်ကမ်းလှမ်းခဲ့သည်ဆိုသည့် သတင်း ‘၀’ တပ်ဖွဲ့ဌာနချုပ်၌ ပျံ့နှံ့နေခြင်းမှာ လုံးဝအခြေအမြစ်မရှိကြောင်း RCSS/ SSA ခေါင်းဆောင် စဝ်ယွက််စစ်ကငြင်းဆို....

SSA လွယ်တိုင်းလျဲန်းဌါနချုပ်နှင့်ဆွေးနွေးရန် နအဖမှလျှို့ဝှက်စွာ ဆက်သွယ်ကမ်းလှမ်းခဲ့သည်ဆိုသည့် သတင်း ‘၀’ တပ်ဖွဲ့ဌာနချုပ်၌ ပျံ့နှံ့နေခြင်းမှာ လုံးဝအခြေအမြစ်မရှိကြောင်း RCSS/ SSA ခေါင်းဆောင် စဝ်ယွက််စစ်ကငြင်းဆို လိုက်သည်။

ထိုသတင်းကြောင့် SSA သည် နအဖနှင့််ပူးပေါင်း၍  မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်ချင်တိုက်ခိုုက်နိုင်သည် ဟုထင်မှတ် နေကြောင်း ပန်ဆန်းဒေသခံ  သတင်းရပ်ကွက်တချို့ကလည်း အတည်ပြုပြောဆိုသည်။

“SSA နဲ့ နအဖ ဆက်သွယ်ဆွေးနွေးကြတယ်ဆိုတာ မဟုတ်ပါဘူး။ ဒီသတင်းဟာ ကောဠာဟဠပါ။ ကျနော်် တို့ကို ဆက်သွယ်ဆွေးနွေးပြီး အခြားတပ်တွေနဲ့ တိုက်ခိုက်ဖို့ဆိုတာ လုံးဝလက်မခံနိုင်ပါဘူး။ အပစ်ရပ်အဖွဲ့နဲ့လက်နက်ကိုင် တိုက်ခိုက််ဆဲအဖွဲ့တို့ နားလည်မှုရှိရှိ အပြန်အလှန်ကူညီပံ့ပိုးနိုင်အောင် ကျနော်တို့ အဖွဲ့တိုင်းနဲ့ ဆွေးနွေးမယ်” ဟု စဝ််ယွက်စစ်က ရှင်းလင်းပြောကြားပါသည်။

နအဖသည် အပစ်ရပ်အဖွဲ့နှင့် တိုက်ခိုက်ဆဲလက်နက်ကိုင်အဖွဲ့တို့ ပူပေါင်းသွားမည်ကို စိုးရိမ်သောကြောင့် အပစ်ရပ် အဖွဲ့များ စိတ်ဓာတ်ကျသွားစေရန် အကွက် ဆင်ခြင်း ဖြစ်နိုင်သည်ဟု ဒုဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်သို့    ဤကဲ့သို့ဆက်ပြောပြပါသည်။

“ကျနော််တို့ရဲ့ မဟာမိတ်နဲ့ ပြည်သူလူထုကိုု ဘယ်တော့မှ သစ္စာမဖောက်ဘူး။ အခုအချိန်ဟာ ကျနော််တို့ အားလုံးစည်းလုံး ညီညွတ်ရမယ့်အချိန်ဖြစ်တယ်။ နအဖ ကတော့ တဖွဲ့ပြီးတဖွဲ့ ခြိမ်းခြောက်နေမှာပဲ။ အားလုံး သတိထားဖို့လိုတယ်။”

RCSS/SSA ခေါင်းဆောင် စဝ်ယွက်စစ်

နအဖစစ်အစိုးရနှင့် SSA တို့သည် ၂၀၀၇ မေ ၂၃ ရက်နေ့၌ ထိုင်းနယ်စပ်ရှိ မယ်ဆိုင်မြို့တွင် တွေ့ဆုံဆွေးနွေးရန်စီစဉ်ထား ခဲ့သော်လည်း စစ်အစိုးရဖက်က တာချီလိတ်သို့သွားတွေ့ဆုံရန် ဖိအား ပေးခဲ့သည်။ နေရာပြောင်းရွှေ့မှုကို SSA က လက်မခံပဲ နှစ်ဖက်စလုံးနစ်နာမှုမရှိဘဲ ပထမခြေလှမ်းအဖြစ် ယုံကြည်တည်ဆောက်သင့်သည့် တတိယနေရာဖြစ်သော မယ်ဆိုင်တွင်သာ တွေ့ဆုံနိုင်သည််ဟု အကြောင်း ပြန်ခဲ့သည်ကို နအဖက ပယ်ချလိုက်သောကြောင့့်် ယနေ့တိုင် တွေ့ဆုံဆွေးနွေးခြင်း တကြိမ်တခါမျှမရှိခဲ့ သေးပေ။

စစ်ယွတ်စစ်သည် ခွန်ဆာဦးဆောင်သော လက်နက်ချ MTA မှခွဲထွက်ပြီး SURA ခေါ်ညီညွတ်သောသျှမ်းတော်လှန်ရေး တပ်မတော်အဖြစ် ၁၉၉၆ စက်တင်ဘာ ၁၃ ရက်နေ့၌် စဝ်ကန်းယွက် ဦးဆောင်သော SSNA, စဝ်လွယ််မောဝ်ဦးဆောင်သော SSA တို့နှင့််သွားရောက် တွေ့ဆုံဆွေးနွေးပြီး အဖွဲ့တိုင်းမှ SSA အမည်ပြောင်းလဲ ခံယူကြရန် သဘောတူခဲ့သည်။

ထိုအကြောင်းကို နအဖထံ တင်ပြခဲ့သော်လည်း လက်မခံသောကြောင့် စဝ်ယွတ်စစ်သည် ၁၉၉၈ ဇန်နဝါရီ ၁ ရက်နေ့တွင် SSA အဖြစ်ပြောင်းလဲပြီး  လွယ်တိုင်းလျဲန်း ဌာနချုပ်၌ အခြေချခဲ့ပြီး ဦးဆောင်နိုင်ငံရေး အဖွဲ့ဖြစ်သော RCSS ခေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကို ၁၉၉၉ တွင် ဖွဲ့စည််းထူထောင်ခဲ့သည်။

Most read this week