မိဘမဲ့ တိုင်းရင်းသား လူငယ်လေးများ အတွက် ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲ ကျင်းပမည်

မိဘမဲ့ တိုင်းရင်းသား လူငယ်လေးများ အတွက် ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲ ကျင်းပမည်
by -
မဇ္စျိမ

မိဘမဲ့ တိုင်းရင်းသား လူငယ်လေး များ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စများတွင် ထောက်ပံ့ ကူညီပေးနိုင်ရန် စင်တင် ရန်ပုံငွေ တေးဂီ တ ဖျော်ဖြေ ပွဲကို စက်တင်ဘာလ ၂၈ ရက်တွင် အလုံမြို့နယ်၊ မြို့မကျောင်း လမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပမည်ဟု Shanyoma Entertainment မှ ပွဲစီစဉ်သူ ကိုကျော်သူနိုင်က မဇ္စျိမကို ပြောသည်။

"ဖျော်ဖြေပွဲကို Shanyoma Entertainment နဲ့အတူ တောင်ကြီးမြို့က အဆိုတော်တွေ၊ ယဉ်ကျေးမှု အက အဖွဲ့တွေ အထူး ဧည့်သည်တော် တွေနဲ့အတူ စည်းကားစွာ ကျင်းပသွား မှာပါ"ဟု ၎င်းက ပြောသည်။

youthConcept

ယင်း တေးဂီတ ဖျော်ဖြေပွဲတွင် Northern Star Music Band နှင့်အတူ  ဂရေဟမ်၊ ဘိုဖြူ၊ စိုင်းလိတ်၊ စိုင်းထက်လျှောင်း၊ စုမီ၊  ပြည့်ဖြိုးအောင်၊ သော်ဒီ၊ သက်ခိုင်ဦး၊ အဆီး၊ နန်းမြတ် သန္တာကို၊ ခိုင်ရွှေဝါ၊ မို့မို့လွင်နှင့် လီလီမြင့် တို့က သီဆို ဖျော်ဖြေ ကြမည် ဖြစ်သည်။

"ကျွန်တော် ဒီပွဲလေးမှာ ဝင်ပြီး သီဆို ဖြစ်တာက ကျွန်တော်က ရှမ်းပြည်သားလဲ ဖြစ်တယ်။ အခု ဒီပွဲ ကလည်း ရှမ်းပြည်နယ်က မိဘမဲ့က လေးတွေနဲ့ ဘုန်းကြီးကျောင်း တွေကို လှူဒါန်းမယ့် ပွဲဆိုတော့ ပါဝင် သီဆို ဖြစ်တာပါ။ ဒီပွဲ ကျင်းပတဲ့ ရည်ရွယ်ချက်ကို ကြိုက်လို့ ဝင်သီဆို ဖြစ်တာပါ"ဟု ဂရေဟမ်က ပြောသည်။

အထူး ဧည့်သည်တော်များ အဖြစ် တောင်ကြီးမြို့မှ ပအို့ဝ် အဆိုတော်များ ဖြစ်သည့် ခွန်ရဲသွေးနှင့် ခွန်ရဲနိုင်၊  The Queens Dance Crew အက အဖွဲ့တို့ အပြင် ယဉ်ကျေးမှု အကအဖွဲ့များ ဖြစ်သည့် ပအို့ဝ်၊ လီဆူး၊ ရှမ်းတိုင်းရင်းသား ယဉ်ကျေးမှု အကအဖွဲ့ များသည်လည်း ဝင်ရောက် ဖျော်ဖြေမည်ဟု ကိုကျော်သူနိုင်က ပြောသည်။

ယင်းဖျော်ဖြေ ပွဲသည်Shanyoma Entertainment ၏ ပထမဦးဆုံး ခြေလှမ်း ဖြစ်ပြီး ဖျော်ဖြေပွဲမှ ရရှိသည့် အကျိုးအမြတ်များ အားလုံးကို မူဆယ်၊ လားရိ်ှုး၊ မိုးကုတ်၊ တောင်ကြီး၊ ကချင်ပြည်နယ် တို့ရှိ ဘုန်းကြီးကျောင်း များနှင့် မိဘမဲ့ ကလေး များကို လှူဒါန်း သွားမည် ဖြစ်ပြီး တေးဂီတ ဖျော်ဖြေပွဲ လက်မှတ် များကို ကျပ်် ၃၀၀၀၀၊၂၀၀၀၀ နှင့် ၁၀၀၀၀ သတ်မှတ် ထားပြီး ရန်ကုန်မြို့ရှိ နာမည်ကြီး ရှမ်းခေါက်ဆွဲ ဆိုင်များတွင် ဝယ်ယူ ရရှိနိုင်ရန် စီစဉ်ထားသည်။

Most read this week