ရှမ်းနီ အမျိုးသား ရိုးရာဝတ်စုံ အမည်သတ်မှတ်ရေး ကော်မတီဖွဲ့စည်း

ရှမ်းနီ အမျိုးသား ရိုးရာဝတ်စုံ အမည်သတ်မှတ်ရေး ကော်မတီဖွဲ့စည်း
ရှမ်းနီ အမျိုးသား ရိုးရာဝတ်စုံအမည် သတ်မှတ်ရေး အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်။ / Sai Aung Myo - ရှမ်းနီအသံ
ရှမ်းနီ အမျိုးသား ရိုးရာဝတ်စုံအမည် သတ်မှတ်ရေး အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်။ / Sai Aung Myo - ရှမ်းနီအသံ

ကချင်ပြည်ရှိ ရှမ်းနီ တိုင်းရင်းသားများ၏ အမျိုးသား ရိုးရာဝတ်စုံ (National Dress) အမည် သတ်မှတ်နိုင်ရန် အတွက် စာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့များထဲမှ အဖွဲ့ဝင် ၁၁ ဦး ပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်သည်။

စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်ရှိ ရှမ်းမျိုး နွယ်စု ဓမ္မာရုံ၌ အမျိုးသား ရိုးရာဝတ်စုံ သတ်မှတ်ရေးအတွက် လူဦးရေ ၃၀ ပါဝင်သည့် အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“၁၁ ယောက်နဲ့ ပြန်ဖွဲ့ထားတယ်။ ဆုံးဖြတ်နိုင်ဖို့ ဥပမာ လူမျိုးအမည်ဆိုတဲ့နေရာမှာ မြစ်ကြီးနားဗဟိုက ‘တိုင်း လိုင်’ နဲ့ သွားချင်တယ်။ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်အဖွဲ့တွေကတော့ ‘ရှမ်းနီ’ နဲ့ သွားချင်တယ်။ လောလောဆယ် အတည်ပြုလို့တော့ မရသေးဘူး” ဟု ဆွေးနွေးပွဲ တက်ရောက်သူတစ်ဦးက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရိုးရာဝတ်စုံအတွက် သုံးစွဲမည့် လူမျိုးအမည် သတ်မှတ်ရေးနှင့် ပတ်သက်၍ သဘော ထား ကွဲလွဲမှုအချို့ ရှိနေသေးကြောင်းလည်း တက်ရောက်သူများထံမှ သိရသည်။

လက်ရှိတွင် ကချင်ပြည် တိုင်းလိုင်ဗဟို စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ယခင်က တင်ပြထားသည့် ရိုးရာဝတ်စုံ ပုံစံကိုပင် ပြန်လည် တင်ပြသွားမည်ဖြစ်ပြီး ဝတ်စုံ၏ အရောင်ကိုမူ အတိအကျ သတ်မှတ်ထားခြင်း မရှိသေးပေ။

တက်ရောက်သူတစ်ဦးက “သူတို့က ကြိုတင်စီစဉ်ထားပြီးသားဆိုတော့ တက်လာတဲ့လူတွေကလည်းပဲ ဝတ်စုံနဲ့ ပတ်သက်ပြီးတော့မှ အပြင်းအထန်ကြီး ငြင်းကြခုန်ကြတာတော့ မရှိပါဘူး။ လုပ်ထားတဲ့အတိုင်း တင်လိုက်ဖို့ အဲ့ဒါပဲရှိတာပါ။ အရင် တုန်းက မြစ်ကြီးနားဘက်က လုပ်တဲ့အတိုင်းပေါ့လေ၊ ခေါင်းပေါင်းလည်း အမျိုးသား ခေါင်းပေါင်းက ဘယ် ချ၊ အမျိုးသမီးကျတော့လည်း နှစ်ဖက်ထောင် ခေါင်းပေါင်းနဲ့ ဝတ်စုံကတော့ တစ်ချို့ ကတော့ ရင်စေ့၊ တစ်ချို့ကတော့ ရင်ဖုံးပေါ့လေ။ အမျိုးသားကျတော့ ရင်ဖုံးပေါ့လေ၊ တောင်‌ရှည်နဲ့ အရောင် တွေ ဘာတွေတော့ သိပ်မပြောကြပါဘူး” ဟု ပြောသည်။

ဗဟို စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က သတ်မှတ်ထားသည့် ဝတ်စုံပုံစံကို တရားဝင် တင်ပြသွားမည်ဖြစ်ပြီး ဒေသ အလိုက် ကျင်းပသည့် ပွဲလမ်းသဘင်များတွင်မူ မိမိတို့ နှစ်သက်ရာ ရိုးရာခေါင်းပေါင်းနှင့် ဝတ်စုံများကို လွတ်လပ် စွာ ဝတ်ဆင်နိုင်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ကျင်းပခဲ့သည့် “မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီ အစည်းအဝေး” တွင် ကချင်ပြည်အတွင်းရှိ ရှမ်း ၅ မျိုးအတွက် တိကျစွာ တင်ပြထား နိုင်ခြင်း မရှိသေးပေ။

Most read this week

Photo - Crd
September 17, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်။ / Crd)
September 16, 2026
မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ ရောဂါ ၁၂ မျိုးကို အထူးကုဆရာဝန်ကြီးများ လာရောက်ကုသပေးမည်...
September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...