ဖားအံ၌ စစ်အုပ်စုတပ်က စီမံချက်ဖြင့် အဖမ်းကြမ်း၍ လိုင်စင်မဲ့ယာဉ်အချို့ သွားလာမှု ရပ်နား

ဖားအံ၌ စစ်အုပ်စုတပ်က စီမံချက်ဖြင့် အဖမ်းကြမ်း၍ လိုင်စင်မဲ့ယာဉ်အချို့ သွားလာမှု ရပ်နား
ဖားအံမြို့အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ
ဖားအံမြို့အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ

ကရင်ပြည်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ် စစ်အုပ်စုတပ်က လိုင်စင်မဲ့ ယာဉ်များကို စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် လိုင်စင်မဲ့ မော်တော်ယာဉ် အသုံးပြုသူအချို့ အသွားအလာ ရပ်နားထားရကြောင်း ဖားအံမြို့တွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ဖားအံမြို့အတွင်း လူသွားလူလာများသည့် နေရာများ၌ စစ်အုပ်စုတပ်၏ ဌာနဆိုင်ရာ ဝန်ထမ်းများအပါအဝင် ရဲတပ်ဖွဲ့ဝင်များက အုပ်စုဖွဲ့၍ စစ်ဆေးဖမ်းဆီးနေကြခြင်းဖြစ်သည်။ ထိုအထဲတွင် လိုင်စင်မဲ့ယာဉ်ရော လူပါ ဖမ်းဆီးခံလိုက်ရသည့် ဖြစ်စဉ်အချို့ရှိသဖြင့် အသွားအလာ ရပ်နားလိုက်ရကြောင်း လှိုင်းဘွဲမှ ဖားအံသို့ ဈေးဝယ် အသွားအလာ ပြုလုပ်သူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

၎င်းက “ကားလည်းဖမ်းတယ် လူလည်းဖမ်းတယ် အဲ့လိုမျိုး၊ ကျနော့်ကားကလည်း လိုင်စင်မရှိတော့ မသွားရဲ တော့ဘူး။ အဓိကက မဲဘောင်ဈေးနေရာတို့ ဖိုးလမင်းအရှေ့တို့မှာ ဖမ်းနေတာ။ မနေ့ကဆို ကားသုံးစီးရော လူတွေရော ပါသွားတယ်” ဟု ပြောသည်။

ယခုတစ်ကြိမ် မတိုင်မီကလည်း ဖားအံမြို့တွင် လိုင်စင်မဲ့ယာဉ်များ မကြာခဏ ဖမ်းဆီးခံခဲ့ရပြီး ဖြစ်စဉ်အများစု မှာ ပြည်နယ် စစ်အုပ်စုတပ်က ငွေကြေးပမာဏ အမျိုးမျိုး တောင်းယူ၍ ရွေးယူခဲ့ရကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ဖားအံမြို့ခံတစ်ဦးက “without (လိုင်စင်မဲ့)တွေ ဖမ်းနေပြန်ပြီ။ များသောအားဖြင့်ကတော့ မြို့ထဲတွေ ဖမ်းတာ များတယ်။ မီးပွိုင့်တွေ မော်တော်ပီကယ်တွေစုနေပြီဆို သတိသားထားတော့။ ဒါပေမဲ့ ဖားအံက ပတ်လမ်းတွေ များတော့ ရှောင်တတ်ရင်ရှောင်လို့ရပါတယ်” ဟု ပြောသည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်သုံးဆီ အကျပ်အတည်း ဖြစ်ပွားသည့် အချိန်ကတည်းက လိုင်စင်မဲ့ ယာဉ် အသုံးပြုမှုများသည့် ဖားအံမြို့တွင် တရားဝင် စက်သုံးဆီဆိုင်ကြီးများ၌ လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီ ဝယ်ယူခွင့် ပြည်နယ် စစ်အုပ်စုတပ်က ပိတ်ပင်ခဲ့သည်။

ထို့နောက် ဆီဆိုင်များတွင်ပါ စောင့်ဆိုင်း၍ ယာဉ်ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ် အသုံးပြုသူများ အခက်တွေ့နေရကြောင်းလည်း မြို့ခံများက ပြောသည်။

ဓာတ်ပုံ - (ဖားအံမြို့အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ)

Most read this week

ဓာတ်ပုံ - KIC
September 14, 2026
ကရင်ပြည်၊ ဖာပွန်ပြည်မြို့ (ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅)၊ မူတြော်ခရိုင်) ထဲသို့...
မြဝတီမြို့တွင် မော်တော်ယာဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မီးလောင်ပျက်စီးသွားသည့် မြင်ကွင်း / Crd
September 14, 2026
ကရင်ပြည်၊ မြဝတီမြို့ပေါ်ရှိ မြို့မရဲစခန်းဘေးလမ်းနှင့် မြေနီကုန်းလမ်းဆုံ...
ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
September 12, 2026
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက...
CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...