ပဲခူးအနောက်ခြမ်း AA ထိန်းချုပ်နယ်မြေကို လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ပွဲများ ပြင်းထန်နေ

ပဲခူးအနောက်ခြမ်း AA ထိန်းချုပ်နယ်မြေကို လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ပွဲများ ပြင်းထန်နေ
ဓါတ်ပုံ - Crd
ဓါတ်ပုံ - Crd

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နားနေစခန်းကို စစ်အုပ်စုတပ်က လေကြောင်းပစ်ကူများဖြင့် ထိုးစစ်ဆင် တိုက်ခိုက် နေသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်။

စက်တင်ဘာလ ၄ ရက်နေ့၊ နံနက် ၆ နာရီမှ ညနေ ၃ နာရီဝန်းကျင်အထိ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲနေပြီး မြေပြင်စစ်အုပ်စုတပ်များကလည်း မြို့နယ်အတွင်းရှိ လူမှုရေးအသင်း ကားများကို ချောဆွဲထားကြောင်း မြို့ခံ များက ဆိုသည်။

ညောင်ကျိုးဒေသဘက်မှ အသက် ၅၀ အရွယ် စစ်ဘေးရှောင်တစ်ဦးက “ကားတွေ ခေါ်ထားလား မေးရင် မခေါ် ထားဘူးပဲ ပြောရမှာပဲ။ ကိုယ့်သဘော မရှိဘူး၊ သူတို့သဘောပဲလေ။ သူတို့ စစ်တပ် အထိနာရင် ကြဲတာပဲ။ အခုက ဟိုက စမတိုက်ဘူး၊ ဒီကသွားရင် ငှက်ကြီးတောင် ဆွဲထွက်တဲ့ ဘကြီးလိုပဲပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့က တရုတ်နိုင်ငံထုတ် Sinotruk စစ်ကား ၆၅ စီး ဥသျှစ်ပင်သို့ ရောက်ရှိလာပြီး ၎င်းတို့အနက် ၄ စီးမှာ စစ်သားများ ပါဝင်ခြင်းမရှိဘဲ အလွတ် (ခါလီ) ဖြစ်ကြောင်း ဆိုသည်။

အဆိုပါနေ့ ည ၈ နာရီခန့်တွင်လည်း စစ်ကား ၃၀ ကျော် ထပ်မံဝင်ရောက်လာပြီး ကပစ (၁၆) မသုန်နှင့် ကပစ (၆) ညောင်ခြေထောက်တို့တွင် ရပ်နားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဥသျှစ်ပင် ဒေသခံတစ်ဦးက “အနားယူပြီးပြီ ထင်တယ်၊ ဒီနေ့ စတိုက်တာနေမယ်၊ တော်တော်ကြမ်းနေတယ်။ အသံတွေကတော့ ကျနော်တို့ မြို့ကွင်းဘက်တန်း နေအိမ်တွေ အသံလှိုင်းကြောင့် တုန်တယ်” ဟု ပြောသည်။

ထို့ပြင် လက်နက်ကျွမ်းကျင်သူ စစ်ထွက်တစ်ဦး၏ ပြောပြချက်အရ တိုက်ပွဲအတွင်း ဒုံးကျည်သံ၊ ပေါင် ၅၀၀ ဗုံးကြဲသံ၊ ခြေလျှင်တပ်ရင်းသုံး လက်နက်ကြီးသံနှင့် ဟောင်ဝစ်ဇာ အမြောက်သံများ ဆက်တိုက် ထွက်ပေါ်နေ ကြောင်း သိရသည်။

စစ်အုပ်စုတပ်သည် မီးဖြတ်ပြီးပါက အလောင်းနှင့် လူနာများ သယ်ယူလေ့ရှိသဖြင့် တစ်မြို့လုံး မီးဖြတ်မည့် အချိန်ကို သတိထား စောင့်ကြည့်နေကြကြောင်း အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးကလည်း မှတ် ချက်ပြုသည်။

“မီးဖြတ်ပြီးရင် အလောင်း လူနာ သယ်တတ်တယ်” ဟု ၎င်းက ပြောသည်။

ညောင်ကျိုးနှင့် မိုးထိတောင်စခန်းများ ကျဆုံးပြီးနောက် AA နှင့် မဟာမိတ်တပ်များ၏ ထိုးစစ်သည် ကာကွယ် ရေးပစ္စည်းစက်ရုံ (ကပစ) များအနီးအထိ နီးကပ်လာသဖြင့် စစ်အုပ်စုတပ်က ဥသျှစ်ပင်နှင့် ကပစ ဝန်းကျင်တွင် အပြင်းအထန် ခံစစ်ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ကပစ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ကပစ ဝန်ထမ်းတစ်ဦးက “ကပစ (၆) နဲ့ ကပစ (၁၆) က ရိုးမနားမှာပဲ ရှိတာလေ” ဟု ပြောသည်။

ညောင်ကျိုးစခန်းသည် ရခိုင်ပြည်တောင်ပိုင်း တောင်ကုတ်မြို့နှင့် ပဲခူးတိုင်း ပန်းတောင်း (ဥသျှစ်ပင်) ကို ဆက် သွယ်ထားသည့် ရခိုင်ရိုးမဖြတ်လမ်းပေါ်တွင် တည်ရှိသည့် မဟာဗျူဟာမြောက် စခန်းတစ်ခုဖြစ်သည်။

Most read this week

ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...
September 4, 2026
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့၏ ကမ်းခြေတစ်လျှောက်တွင် စစ်အုပ်စုတပ်က...