ပလက်ဝ မီးဇာရွာကို စစ်အုပ်စုတပ် ဗုံးကြဲ၍ သားမိနှစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ပလက်ဝ မီးဇာရွာကို စစ်အုပ်စုတပ် ဗုံးကြဲ၍ သားမိနှစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)

ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သား သားမိနှစ်ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာနှင့် အနီးတစ်ဝိုက်ကို ယမန်နေ့ ဩဂုတ်လ ၂၆ ရက်၊ ညနေ ၄ နာရီကျော်တွင် စစ်အုပ်စုတပ်၏ ဂျက်တိုက်လေယာဉ် ၅ စီးက ဗုံးအလုံး ၅၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း မီးဇာကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ဗုံးသီးကျရောက် ပေါက်ကွဲခဲ့သဖြင့် သားအမိ နှစ်ဦး သေဆုံးခဲ့ရပြီး အနီးအနားမှ ဒေသခံ ၆ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြော သည်။

ဒဏ်ရာရရှိသူများကို အရေးပေါ် ဆေးကုသပေးထားရပြီး ဩဂုတ်လ ၂၇ ရက်နေ့၊ ညနေပိုင်းတွင်လည်း ပလက်ဝမြို့နယ်၌ ဂျက်တိုက်လေယာဉ်အချို့ ပျံသန်းဝဲပျံနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ရွှေလိုက်ဝကျေးရွာအနီးကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အလားတူ ဩဂုတ်လ ၂၄ ရက်နေ့က ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာကို လေကြောင်းမှ ဗုံးကြဲချခဲ့သဖြင့် ကလေးငယ် နှစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၁၀ နှစ်အောက် မူလတန်းကလေးငယ် ၈ ဦးအပါအဝင် ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

ဒဏ်ရာရသူများတွင် ဒဏ်ရာပြင်းထန်သူများ ပါဝင်သည့်အတွက် သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင် ကြောင်း AA က ဆိုသည်။

ထို့ပြင် ဩဂုတ်လ ၁၁ ရက်၊ နံနက် ၇ နာရီခွဲက ပလက်ဝမြို့အဝင် ဆိုင်းဘုတ်အနီးသို့ စစ်အုပ်စုတပ်၏ ဂျက်တိုက် လေယာဉ်တစ်စီးက ရော့ကတ်ဗုံးသီးတစ်လုံး ကြဲချခဲ့သဖြင့် ကျောင်းသူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဩဂုတ်လ ၁၂ ရက် ညပိုင်းတွင်လည်း ပလက်ဝဒေသ ဆမီးမြို့၊ ရပ်ကွက် (၂) သို့ စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ များဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် အဆိုပါရပ်ကွက်မှ မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...